Professional Authors

ကဆုန်လမြတ်

ကဆုန်လမြတ်
နေ့ထူးထပ်လို့
မိုးလေခင်းကျင်း
စိတ်ဝယ်ရှင်းလို့
ကုသိုလ်ယူဖွယ်
ရေအိုးသယ်ပြီး
သွန်းညောင်ရေလောင်း
မြတ်ဆုတောင်းလျှက်
ဗောဓိသပ်ပယ်
နှောင်ကြိုးပယ်လို့
ကဆုန်တဲ့လ
မွန်မြတ်လှမို့
ဆယ့်နှစ်ရာသီ
ပွဲတော်စည်သည့်
တို့မြန်ပြည်သား
သူကောင်းများတို့
အကျိုးကိုလို
ညောင်ရည်သွန်းမို့
ချစ်ခြင်းကိုပြ
ရှိခိုးဦးချ
ဘုရားတရား
နားဝယ်ကြမို့
သွားကြတူတူ
တောင်းစို့ဆုထူး
နိဗာန်ကူးလို့
ငြိမ်းအေးပါရစေသား…………….။

In: ကဗျာ Posted By: Date: May 23, 2013
Comment #1

so nice

commentinfo By: ei lay at May 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment