Professional Authors

နှင်းတွေ ရင်ဘတ်ထဲစီးဆင်းပြီ ဆိုရင်..အဲဒါအလွမ်းပဲ..။

ဘယ်တော့မှ နှင်းမကျတဲ့
မြို့လေးထဲ ……
ကိုယ့်အလွမ်းဆွေးတွေ
ကြွေကျနေပုံများ တစ်ဖွေးဖွေးနဲ့…။

အဝေးဆိုတဲ့ အကွာအဝေးက
သတိရမှုကို ကြိုးနဲ့သီဆွဲထားသလိုပဲ…။
ကောင်မလေးရေ…
ဧရာဝတီ မြစ်ရေဟာ..
ဘယ်နေရာရောက်ရောက် ပြောင်းပြန်မစီးဆင်း သလိုပေါ့..။

ငါ့ရဲ့ အဝေး မြို့လေးမှာဖွက်ထားတဲ့
မင်း ရဲ့ နှလုံးသားပေါ်မှာလည်း
ငါ ဘယ်တော့မှ ပြောင်းပြန်မစီးဆင်းဘူး..။

တကယ်တော့
သတိရတယ်ဆိုတာ ထမ်းထားရသူသာ
လေးလံကြောင်းသိတဲ့အရာပါ..။
ငါ့လိုပဲ မင်း ရဲ့ရင်ထဲသတိရခြင်းတွေ
လေလံနေရင်…
ရန်ကုန်မှာ နှင်းတွေကျသလိုပေါ့…ငါ အရမ်းပျော်မိ..တယ်။

အငွေ့

In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

အိပ်ခါနီး ကဗျာတစ်ပုဒ် ဖတ်မယ်ဆိုပြီး ရွေး click လိုက်တာမှန်သွားတယ်…
ချစ်စရာလေးရယ် ကဗျာလေးက…
(:

commentinfo By: Melody Phyo at Jun 12, 2010
Comment #2

အထူးပဲကျေးဇူးတင်ပါတယ်

commentinfo By: အငွေ့ at Jun 12, 2010
Comment #3

!_!
!_!
!_!

commentinfo By: ei lay at Oct 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment