Professional Authors

နာကြည်းမှုများ

ညက ညနေ့ကို နာကြည်းသလို

ကြွက်ကကြောင်ကို နာကြည်းသလို

ဆင်းရဲသားက အရင်းရှင်ကိုနာကြည်းသလို

လူထုက …အစိုးရ..ကိုနာကြည်းသလို

ပေက တူ ကိုနာကြည်းသလို

ရှုံးသူက နိုင်သူကိုနာကြည်းသလို
ကျွန်တော်က ကျွန်တော်ဘ၀ကို နာကြည်းတယ်။

ငွေသား လတ်လတ်ဆတ်ဆတ်နဲ့
မတူမတန်သလို အပြုံးတွေကို နာကြည်းမိသလို
လွတ်လွတ်လပ်လပ် ပျံသန်းခွင့်မရှိတဲ့ အဖြစ်ကို နာကြည်းတယ်။
“မင်းကဘာကောင်လဲ” လို့ အမေးခံရတာကို နာကြည်းသလို…
ရိုးအ လွန်းလှတဲ့ ဖခင် ကိုလည်း နာကြည်းတယ်။


နှလုံးသားကို ခိုးဝှက်၊ လိမ်လည်သွားသူကို နာကြည်းမိသလို
တရားမမျှတ မှုမှန်သမျှကိုလည်း နာကြည်းတယ်။
(………………) နာကြည်းတယ်။

ကွပ်လပ်တစ်ခုမှာ နာကြည်းတာတွေဖြည့်ပြီး

နောက်က နာကြည်းတယ်လို့
သာချရေးရရင်မဆုံးနိုင်အောင် နာကြည်းစရာတွေချည်းပဲမို့.
.. (………………) နာကြည်းတယ်။

နောက်ဆုံး
ဒီမြေမှာ လူဖြစ်ရတာကို နာကြည်းတယ်
နာကြည်းရတာကိုလည်း နာကြည်းတယ်။

အငွေ့

In: ကဗျာ Posted By: Date: Jun 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment