Professional Authors

ယူဆချက် (သို့) အဖြစ်မှန်

ရင်ထဲက ဝေဒနာကို

ငါကလွဲပြီး ဘယ်သူပိုသိမလဲ။

ဖြစ်နိုင်မယ်ဆိုရင်

ပြလိုက်ချင်သေးရဲ့

ငယ်ငယ်တုန်းက အသီးရဲ့အစေ့တွေကို

မျိုချမိခဲ့ရင် အပင်ပေါက်လာမှာလို့

အပြောခံခဲ့ဖူးတယ်။

အဲဒီအတိုင်းသာ မှန်ခဲ့ရင်

အခုဆို ငါ့မှာ အလွမ်းပင်ကြီးပေါက်နေတာ

တော်တော်တောင် ကြီးနေရော့မယ်။

(အလွမ်းတွေ မျိုချနေရတာ များလှပြီ)။   ။

Eureka (ယူရေကာ)

In: ကဗျာ Posted By: Date: May 19, 2013
Comment #1

အင်း များနေပါပေါ့လား

commentinfo By: မေပျို at May 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment