Professional Authors

ကယ်တင်ရှင်

အမြီးအမှောက် မတည့်တဲ့ ညမှာ

အိပ်မက်ဆိုးတွေက ကော်ဖီခါးခါးတစ်ခွက် မျိုချရင်း

အိပ်တစ်ဝက် နိုးတစ်ဝက်ပေါ့

သန်းခေါင်ယံကျော်မှ

ကယ်တင်ရှင်ကို တောင့်တမိတယ်

လွဲနေတဲ့ ငါ့ညတွေကို

တည့်မတ်ပေးသွားလေရဲ့

ကျေးဇူးပါပဲ စေတနာရှင်ရယ်…

မနက်မိုးလင်းမှသိတယ်

ငါ့ကို ကယ်သွားတဲ့ ကယ်တင်ရှင်က

“ကဝေမ” တဲ့…

Eureka (ယူရေကာ)

In: ကဗျာ Posted By: Date: May 19, 2013
Comment #1

ကဝေမ

commentinfo By: မေပျို at May 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment