Professional Authors

ငါ……မင်းကိုယ်စောင့်နတ်ဖြစ်ချင်တယ်

လွမ်းတယ်လို့တဖွဖွပြောမှ
လွမ်းနေတာကိုသိမတဲ့လား….
နီးနီး…..ဝေးဝေး
နှလုံးသားမှာမင်းမူ
အိပိမက်တိုင်းကိုကြီးစိုး
မာနတွေအကုန်ရိုက်ချိုး
နှလုံးသားလည်းမင်းပဲခိုးသွားခဲ့တာလေ……။
အပိုးကျိုးသွားတဲ့ပုတ်သင်ညိုတစ်ကောင်လို
တွင်တွင်ကြီးခေါင်းညိတ်
ချောင်ပိတ်ရိုက်ရင်တောင်
(တစ်ချက်လေးမှ)
ပြန်မဟောင်မယ့်ခွေးတစ်ကောင်ပမာထားချင်ထား
ကောက်ရိုးပုံစောင့်တယ်ပဲဆိုချင်ဆို
(မျှော်လင့်ချက်နေမ၀င်သေးသရွေ့)
ငါ…မင်းကိုယ်စောင့်နတ်ဖြစ်ခွင့်ရဖို့
ကြိုးစားကြည့်ချင်သေးတယ်…….။………….။

In: ကဗျာ Posted By: Date: May 19, 2013
Comment #1

ခေါင်းစဉ်းလေးကစလို့  …..စကားလုံးတွေ

LOVE this words

commentinfo By: athaekwelmoe at May 19, 2013
Comment #2

ကျေးဖူးပါ

commentinfo By: werewolf at May 20, 2013
Comment #3

အော်မင်းအချစ်ကနတ်အချစ်ပေါ့

commentinfo By: liyonardo at May 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment