Professional Authors

မျှော်လင့်ခြင်း တဲ့

တစ်ခါတစ်လေကိုမျှော်ရင်း

တစ်ဘ၀စာလောက် ညည့်နက်ခဲ့ဖူးတယ်

မှောင်မိုက်ခြင်းဖြင့်

ငါ့                    ည တို့

   လင်းစေ

အလင်းတစ်ဆုပ်စာ စာဖွဲ့ရင်း

ဟစ်အော်လိုက်တဲ့ အသံမှာ

ဂုဏ်ယူစရာတွေပြည့်နေတယ်တဲ့

၆ ပေ ၄ ပေ ကျယ်တဲ့နေရာမှာ

ငါ့ကိုယ်ငါ ခဏထားကြည့်တယ်

တကယ်တော့ကောင်းကင်ဆိုတာ ပညတ်ချက်သတ်သတ်ပါ

ဝင်သက်ရယ် ထွက်သက်ရယ် ကြား

အိပ်မက်တစ်ခုပဲခြားမယ်ထင်ပါတယ်

In: ကဗျာ Posted By: Date: May 19, 2013
Comment #1

🙂

commentinfo By: ei lay at May 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment