Professional Authors

ဆုံမှတ်တွေရဲ့အဝေး

ငါ……….
ရိုးရိုးလေးချစ်ပြီး
နည်းနည်းလေးပဲလိုချင်ခဲ့တာပါ
အခု………
ဆန်းဆန်းပြားပြားလွမ်းနေရပြီး
အရာအားလုံးပေးဆပ်ခဲ့ရတယ်…….

ပေးဆပ်ခြင်းရဲ့နောက်မှာ
ရယူခြင်းတွေရှိမနေပဲ
ကြေကွဲခြင်း ဖြစ်နေရတာလဲ ….???

ငါ……….
ခံနိုင်ရည်မဲ့ အလွမ်းနေ့တွေကို
အားတင်းပြီး ဆက်လျှောက်ရဦးမယ်
မင်းမပါတဲ့ ငါ့ရဲ့
အနာဂတ်ဆီသို့ပေါ့ …….

နှင်းဆီအိပ်မက်ရဲ့
မပေါင်းတဲ့ဇာတ်သိမ်းခန်းမှာ
မရည်ရွယ်ပါပဲ
အသည်းကွဲဇာတ်လိုက်ဖြစ်ခဲ့ရပြီးနောက်
စစ်မှန်တဲ့အချစ်ကို သစ္စာပြု
မင်းအတွက် တောင်းဆုပြုခဲ့ပါရစေ…
မင်းရဲ့နောက်လူ ငါ့ထက်ကောင်းပါစေ …………

In: ကဗျာ Posted By: Date: May 16, 2013
Comment #1

မင်းရဲ့နောက်လူ ငါ့ထက်ပိုကောင်းပါစေ

commentinfo By: မေပျို at May 16, 2013
Comment #2

ခံစားအားပေးသွပါသည်။

commentinfo By: ei lay at May 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment