Professional Authors

ကဗျာမှာတည်တဲ့ဖူးစာ

ဒီညလား
သိပ်မမှောင်ပါဘူး
ကြယ်ကလေးတွေ တဖြောက်ဖြောက်နဲ့ 
အလင်းလေးတွေ ပေါက်ပေါက်ပေးနေတာ
ငါ့လမ်းမှာသာလို့ 
ဘယ်ကိုသွားရမယ်ဆိုတာ
ကြယ်စင်လေးလမ်းပြလို့ 
လမ်းမှန်ကိုလျှောက်နေပြီ … ။

နဂါးငွေ့ တန်းမှ
ချစ်စရာကောင်းတဲ့
ကြယ်စင်လေး
မောင်ငြိုငြင်လို့ 
သူများတွေ “မေ” ခေါ်တာ
လက်မခံပါ … ။

ဆင်းသက်လို့ ကြွေကျလာမယ်ဆိုလည်း
ဒီကမ္ဘာကမောင့်ရင်မှာ
ငြိမ်းချမ်းစွာ
ခိုနားလှည့်ပါ
လှပတဲ့အိမ်မက်လေးတွေ
ဖွင့်အန်ချလို့ 
မနက်လင်းတိုင်း မေ့ကိုသတိရတယ် …
ညအိပ်ယာဝင်တိုင်း မေ့ကိုတမ်းတတယ် … ။

ကိုယ်လွမ်းသလို သူလည်းလွမ်းနေလို့ 
ကိုယ်ပျော်သလို သူလည်းပျော်နေမယ်ဆိုတာ
ဒီကဗျာမှာ ဖွင့်ဟလို့ 
နှစ်ယောက်သားကတိတစ်ခု
ဤကဗျာတွင်ဆစ်ထု
ကဗျည်းတစ်ခုေ၇းထိုး
အချိန်တိုင်းစိုးမိုးနေတယ်
ကဗျာဆ၇ာမလေးရယ် … ။

ကဗျာမှာတည်တဲ့ဖူးစာ
ကဗျာဆရာမလေးအား
ထာဝရချစ်သွားပါမည် … ။

In: ကဗျာ Posted By: Date: May 14, 2013
Comment #1

🙂
နှလုံးသားနှင့်ခံစား၍ဖတ်သွားပါသည်

commentinfo By: ei lay at May 14, 2013
Comment #2

ထာဝရချစ်သွားပါမည် …

commentinfo By: maypyo22889 at May 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment