Professional Authors

ခြောက်သွေ့ခြင်းများ

တစ်ယောက်တည်း ဖြစ်ခဲ့ဖူးတဲ့
ဒါမှမဟုတ်
မေ့ အတွက်ရည်စူးခဲ့ဖူးတဲ့
ကျွန်တော့်ရင်ထဲက သစ္စာပန်းတွေအကြောင်း
သိပ်အများကြီး မဟုတ်ခဲ့ပေမယ့်
မေရဲ့ ပျော်ရွှင်ခြင်းအတွက်ဆို
လွမ်းဆွတ်ခြင်းဆိုလည်း ဟုတ်တယ်
သတိရခြင်း တွေဆိုလည်း ဟုတ်တယ်
အရာရာကို မေပြောင်းလဲစေနိုင်ခဲ့
ကျွန်တော်
မေ့အတွက် ခါးသက်သက် ခံစားပေးနိင်ရဲ့။

အတိုင်းအတာ မရှိဘူးးးးး
မိုနာလီဇာ က လှလှပပ ပြုံးတိုင်း
ကျွန်တော် မေ့ကို သတိ ရ ရ နေတာက
ဘာ သီအိုရီတွေနဲ့မှ ဖော်ပြမရဘူးး၊
အဲ့ဒီလို နေတစ်စင်း ရဲ့ရိုက်ချက်နဲ့
ကောင်းကင်ကြီးရဲ့ ငြိုငြင်မှုတွေအတွက်
အပြစ်မဲ့တဲ့ တိမ်တွေ ငိုကြွေးခဲ့ကြသေးရင်
မေ……
ကျွန်တော့် ရဲ့ တမ်းတခြင်းတွေလည်း
အရည်ပျော်မယ်ဆို ပျော်နိုင်ကောင်းပါရဲ့။

ဘဝဟာ ဆွေးမြေ့မှုတွေ တထောင်းထောင်းထနေတဲ့ လွင်ပြင်တစ်ခုဆို
အဲ့ဒီ အထဲ သံယောဇဉ်တွေ မြေမြှုပ်စိုက်ပျိုးမိတာက ကျွန်တော်ပဲ
ရေလောင်း ပေါင်းသင်
အချစ် ပန်းတွေပွင့်လာဖို့ တယုတယ စိုက်ပျိုး
အမုန်းမိုးတွေ တစ်ဝကြီးရွာပေးခဲ့သူကမေပဲလေ၊
မျော်လင့်ချက်တွေရေစုန်မျောခဲ့ပေမယ့်
မေ့အတွက် သာသာယာယာပြုံးတယ်
ကျွန်တော်သိတယ်
ဒါဟာ မေ ပျော်စေမယ့်
ဒါမှ မဟုတ်
မေ ကျေနပ်အားရစေမယ့်။။ ၊။

ဇော်သက်ဦး

 

In: ကဗျာ Posted By: Date: May 13, 2013
Comment #1

ခံစားအားပေးသွားပါတယ် Bro

🙂

commentinfo By: loafer at May 13, 2013
Comment #2

ခံစားအားပေးသွားပါသည်

commentinfo By: ei lay at May 13, 2013
Comment #3

အားပေးသွားပါတယ်

commentinfo By: မေပျို at May 13, 2013
Comment #4

ဟုတ်

commentinfo By: zawthetoo at May 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment