Professional Authors

တေ့လွဲ (terry)

ဆံပင်တိုသွားလည်းကိုယ့်အရောင်ကိုယ်

မှတ်မိပါသေးတယ်ဆိုတဲ့အထာနဲ့

တစ်အိမ်တည်းနေပြီးမင်းရယ်ငါရယ်မမြင်ဖူးကြဘူး

တစ်အုပ်လုံးဖတ်ဖို့ အချိန်မရဘူးဆိုလည်း

လှမ်းထားတဲ့ကြယ်တွေကိုပဲပြန်ရုတ်လိုက်တာပေါ့

ရိုး သား ခဲ့ တာ လည်း ဖြစ် နိုင် တာ ပဲ

ရိုး သွား ခဲ့ တာ လည်း ဖြစ် နိုင် တာ ပဲ

ဘာမှမလုပ်တဲ့သူဟာပိုဖျားလေ့ရှိတာသိလား

အိမ်ရှေ့တံခါးကမင်းဝင်လာတဲ့အချိန်

ငါသင်္ချာညံနေတာကလွဲလို့ 

တူးသွားတဲ့ငါ့ကြက်ဥကြော်ကို

မင်းဟက်ဟက်ပက်ပက်ငေးကြည့်ဖူးတာကလွဲလို့ 

ငါတို့ ဘယ်နှခါပွင့်လင်းမှု့အကြောင်းကို

သီချင်လုပ်ပြီးနားထောင်ဖူးသလဲ

ပြောပါ…………………………….

ဘယ်နှခါနားထောင်ခဲ့ဖူးသလဲ

ဖန်စီလက်စွပ်နဲ့ပွဲတက်ဖို့ ခက်တယ်မဟုတ်လား

အကြားအာရုံကိုလော့ခ်ချထားပါ

အမြင်အာရုံကိုတစ်ဝက်သွန်လိုက်ပါ

ပြီးရင်ပေနေတဲ့မင်းဖိနပ်ကိုငါ့ဆံပင်နဲ့သုတ်လိုက်ပါ

မင်းလက်တွေအေးစက်နေတဲ့အကြောင်းငါမသိသလို

ငါ့စိတ်တွေအေးစက်နေတဲ့အကြောင်းမင်းမသိဘူး

သုခဘုံ၊ကောင်းကင်သူကောင်းကင်သား၊ပထမတန်းလက်မှတ်

ငါမသိဘူး

သုည၊ပုတ်သိုးနေတဲ့အရောင်၊အခွံ

မင်းမသိဘူး

တစ်ယောက်ကိုတစ်ယောက်မီးမညှိသေးသ၍တော့

………………………………………………………….

မင်းနဲ့ငါဟာ

ကိုယ့်နိုင်ငံကစံတော်ချိန်နဲ့

အခြားတစ်ယောက်ရဲ့နာရီကိုချိန်ကိုက်ယူဖို့

ကြိုးစားနေကြသူတွေ။

*တယ်ရီ

3.12.2012 350pm

In: ကဗျာ Posted By: Date: May 13, 2013
Comment #1

အားပေးသွားပါသည်

commentinfo By: ei lay at May 13, 2013
Comment #2

ရိုး သား ခဲ့ တာ လည်း ဖြစ် နိုင် တာ ပဲ
ရိုး သွား ခဲ့ တာ လည်း ဖြစ် နိုင် တာ ပဲ
…………………………………….
အားပေးသွားပါသည်။

commentinfo By: နွေ at May 13, 2013
Comment #3

ပေနေတဲ့မင်းဖိနပ်ကို ငါ့ဆံပင်နဲ့သုတ်လိုက်ပါ….ကြက်သီးတောင်ထတယ် ကြိုက်ပါ့

commentinfo By: 13th at May 13, 2013
Comment #4

သောက်သရမ်းမိုက်တယ်ဗျာ…..လန်းချက်

commentinfo By: athaekwelmoe at May 13, 2013
Comment #5

မိုက်လွန်းတယ်

commentinfo By: မေပျို at May 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment