Professional Authors

သနားတယ်

ချစ်မိတဲ့ ငါ …
မှား … တယ် …

ပြန်လာမယ်ဆိုရင်တောင်
သောင်းသောင်းဖြဖြ မကြိုဆိုချင်တော့ဘူး …

ချစ်လွန်းလို့ မြေနိမ့်ပေးတာကို
လှံလာလာစိုက်ကြတယ် …

မိုးရေလေးတစ်ပေါက်တည်းနဲ့
သက်တံ့တစ်ခုလုံးကို
ပိုင်ဆိုင်ချင်တာလား …

ပျော်စရာမရှိတဲ့ ဘ၀ …
ခါး … တယ် …

ခင်ဗျားရဲ့ စကားလုံးမိုင်းဗုံးတွေနဲ့
လာလာ မတိုက်ခိုက်ပါနဲ့
ကိုယ့်စိတ်နဲ့ကိုယ်
ဗုံးခိုကျင်း မဖြစ်ချင်တော့တာ အမှန်ပဲ ….

အချစ်ဆိုတာကို
သချာင်္ပုစ္ဆာတွေလို တွက်ချက်နေတဲ့
ခင်ဗျားကို သနားတယ် …

နောက်ပြီး

ခင်ဗျား ချစ်သူကိုလဲ သနားတယ် …..

>> Phyoe Layy <<

In: ကဗျာ Posted By: Date: May 10, 2013
Comment #1

ခင်ဗျားရဲ့ စကားလုံးမိုင်းဗုံးတွေနဲ့
လာလာ မတိုက်ခိုက်ပါနဲ့
ကိုယ့်စိတ်နဲ့ကိုယ်
ဗုံးခိုကျင်း မဖြစ်ချင်တော့တာ အမှန်ပဲ ….

သနားပါတယ် ..

commentinfo By: maypyo22889 at May 11, 2013
Comment #2

မိုးရေလေးတစ်ပေါက်တည်းနဲ့
သက်တံ့တစ်ခုလုံးကို
ပိုင်ဆိုင်ချင်တာလား …
…………………………..

commentinfo By: နွေ at May 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment