Professional Authors

ကျိန်စာမိထားတဲ့ သစ်ပင်

ကျွန်တော်ဟာ ဘီလူးနက္ခတ်ဖွား လို့  ကောင်းကင်ကြီးနဲ့အတူ မြေသားထု က ပြောပြကြပါတယ်
ဒါပေမယ့် ကျွန်တော်သိတယ် ကျွန်တော်ဟာ အထီးကျန်နက္ခတ် ဖွားပါ

တခါက ကျွန်တော့်မှာ

အေးချမ်းနွေးမြတဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံ ရစ် သိုင်း ထားမယ့် တိမ်တိုက်ရောင်သန်း မျှော်လင့်ချက် ပုံရိပ်လေး ရှိဖူးတယ်
ကျွန်တော်ဟာ ပုံရိပ်လေးကို မက်မောတယ် ကျွန်တော် ပုံရိပ်လေးကို ပျိုးထောင်တယ် အဲဒီပုံရိပ်လေးနဲ့အတူ
ကျွန်တော်ဟာ ကျွန်တော့်ထက်ကြီးတဲ့ လက်ဖ၀ါး နှစ်စုံ ခြံရံပြီး ရှင်သန် နိုင် ဖို့  ဆိုင်းပြင်း နေခဲ့ဖူးတယ်

ပုံရိပ်ဟာေ၀၀ါးစွာနဲ့
ဟို သည် လွင့် မျော
အတ္တ အစိုင် အခဲ တွေ သာ လက်တွေ့မှာ ကြွေ ကျ လာရင်း
ကျွန်တော်ဟာ ကန္တာရ အလည် မှာ သီးသန့်ဆန် စွာ ရပ်တည်

ဒီလိုနဲ့  ကျွန်တော်

ကြီး ထွား လာ ခဲ့ တယ် ။

ကျွန်တော့်ထံကို ဧည့်သည် တချို့ လာတယ် ကျွန်တော့် အနား မှာ နေ တယ်
အပေးအယူ အကြောင်း အတုံ့အလှည့် အကြောင်း တွေ နောကျေအောင် သင်ပေးပြီး
သူတို့  ဌာနေ ခင်တွယ်ရာ သို့  ပြန် ထွက် သွားလေ့ရှိတယ်

ကျွန်တော် မျှော်တယ်

ဒီလိုနဲ့ ကျွန်တော် အကူမဲ့စွာ လွမ်း တတ် ခဲ့ တယ်။

ကျွန်တော့်မှာ ဌက်ကလေးတစ်ကောင်ရှိတယ်
သူ ဥ က ပေါက်စန ကတည်းက
ကျွန်တော်ကြည့်နေ စိတ်ကူးယဉ်နေ အနာဂတ်တွေ တည်ဆောက်နေ
ဝမ်းသာနေ စိုးထိတ်နေ ရင်းနဲ့ ပဲ ဌက်ကလေး ဟာ အတောင်စုံလာခဲ့တယ်
ကျွန်တော့်ထံမှ အဝေး ဆုံး သို့  ပျံ ထွက် သွား ခဲ့တယ်

ဒီလိုနဲ့ ကျွန်တော် ဌက်ကလေးကို ဆုံးရှုံး ခဲ့ တယ်။

ကျွန်တော့် ကို အသံ တချို့က အိပ်မက်တွေ ခြွေချပေးလေ့ရှိတယ်
အိပ်မက်တွေကို ကျွန်တော် ချစ်ခဲ့တယ်
အိပ်မက်တွေထဲ နေထိုင်ခဲ့တယ်
အိပ်မက်တွေကို စွဲလမ်းခဲ့တယ်

ဒါပေမယ့် အိပ်မက် ကောင်းတိုင်း လန့်နိုး/လှန့်နိုးခံရရင်း

ကျွန်တော် အိပ်မက်တွေကို မုန်းတီးလာခဲ့တယ်။

ဖော်ကွာကင်းခြင်းဝေဒနာ ကို နားလည်စ ပြုလာတာနဲ့အမျှ
ကျွန်တော်
ကြောက်လန့်တတ်လာတယ်

ဒီလိုနဲ့ပဲ

အဲဒီဝေဒနာနဲ့ အကျွမ်းဝင် နေတတ်လာခဲ့တယ်။

တခါတလေ လက်နှစ်ဖက်စလုံးကို ဆန့်တန်း ရင်အစုံကို ဖွင့်ဟ ကြို လို့ 
တနေ့နေ့မှာ ရောက်ရှိလာမယ့် သေဆုံးဖော် ကို တမ်းတတယ်

တခါတလေ ဖ၀ါးနှစ်ဖက် ကို တင်းတင်းဆုပ်လို့  တစုံတရာကိုမှ မလိုအပ်ဘူးလို့ 
အံကြိတ် မာန်တင်း ဖြေသိမ့်လေ့ရှိတယ်

တခါတလေ ကောင်းကင်ကြီး မော့မော့ ကြည့်လို့  ကြယ်စင်တွေကို စကားပြောတယ်

တခါတလေ

……………………ငိုတယ်

တခါတလေ

…………………..ရယ်တယ်

တခါတလေ

………………….ပြုံးတယ်

ဒါပေမယ့်

ကျွန်တော်သိတယ်

ကျွန်တော်ဟာ အထီးကျန် နက္ခတ်ဖွားပါ

ကျွန်တော့် အနားမှာ တခါတလေတွေသာ အမြဲတမ်း ဝေဆာ ခဲ့ ဖူး /ဝေဆာနေဦး မှာပါ။

In: ကဗျာ Posted By: Date: May 9, 2013
Comment #1

အထီးကျန်မှုနက္ခတ်ဖွား…

ဆရာမင်းခိုက်စိုးစန်ရဲ့ ၀ထ္ထုလေးကိုတောင် သတိရမိသွားတယ်..။ ကြိုက်တယ်

commentinfo By: နိုးဆက် နေ့ at May 10, 2013
Comment #2

ကျွန်တော်ဟာ အထီးကျန် နက္ခတ်ဖွားပါ
…………………………………….
အားပေးသွားပါသည်။

commentinfo By: နွေ at May 10, 2013
Comment #3

ကြိုက်နှစ်သက်မိပါတယ် အစ်မ .. အားပေးနေပါတယ်

commentinfo By: maypyo22889 at May 11, 2013
Comment #4

ဖတ်ရှုအားပေးသွားပါသည်

commentinfo By: ei lay at May 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment