Professional Authors

ခရေတို့နှင့်အရိပ်များ၊အတွေး

ခရေပွင့်တို့ ချိန်တန်ကျကြွေတုန်း
သဘာဝကကိုယ့်အားချီးမြှောက်ခြင်းပေပလို့
အတ္တယစ်မူး
လက်ခုပ်တဖဝါးအပြည့်
အပြေးကောက်ယူဖူးပုံ။

ခုမှ ရှေးအရိပ်ကို
ခုန တွေးအရိပ်က
မရင့်ကျက်ရောလို့ရယ်မြူး
လှောင်ပွဲဖွဲ့ကောင်းဖွဲ့မယ်။

မီးသေခဲ့ လောက်အောင်
ပွဲကပြီးနေမှဖြင့်
ငါ့အရိပ်တွေရှိနေတာကိုက
အလင်းဘက်ကိုသွားနေတာဖြစ်ကြောင်း
သက်သေအဖြစ်လို။

အဲသမှာ
အလင်းကငါ့ပန်းတိုင်ဟုတ်မဟုတ်သာ

………..
…….

လူ့စိတ်ဆိုတာကလည်း
အခက်သားတော့

….
……။    ။

ဩမြိုင်
In: ကဗျာ Posted By: Date: May 9, 2013
Comment #1

လူ့စိတ်ဆိုတာ အခက်သားတော့်

commentinfo By: maypyo22889 at May 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment