Professional Authors

လေမှာသင့်တဲ့ ငါ့ အလွမ်း

နင်နဲ့ငါက..
ကမ္ဘာတစ်ဖက် ခြားနေပေမယ့်…
နှလုံးသားက..
စွယ်တော်ရွက်လေးလိုပဲ..
ငါ့ အလွမ်းတွေ..
လေမှာသင့်လို့..
နင့်ရဲ့အနား…
တစ်ဖဝါးမှ မခွါခဲ့တာ..
နင်သိရဲ့လား…
တစ်နေ့တစ်ရက်..
မေ့ဖို့ခက်တာ…
ငါ့ရင်ထဲက မင်း ရုပ်လွှာပေါ့..
နင်နဲ့ငါနဲ့..
ဝေးရက်တွေမှာ…
လမင်းကိုသက်သေတည်လို့…
သစ္စာတစ်ခုပြုခဲ့ဖူးတယ်..
ဘဝဆက်တိုင်း…
တူယှည်တွဲလို့ ပျော်ရပါစေ…
ခွဲခွါကြမ္မာ ဒီဘဝနဲ့ ကျေလှည့်ပါ…

In: ကဗျာ Posted By: Date: May 8, 2013
Comment #1

yeahhhhh

So lovely.
🙂

commentinfo By: ei lay at May 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment