Professional Authors

‘ ငါ ကျေနပ်လိုက်ပြီ ‘

သြော်  တဖြည်းဖြည်းနဲ့
ဥသြသံတွေစဲလာတော့မယ်
အချစ်မိုးတွေ
သဲလာတော့မယ် ~  ~~

အ ချစ် ဆို တာ
တစ်ချို့တွေအတွက်
သေနတ်တစ်လက်လို
လိုရာကိုမောင်းချိန်ပြီး
ကျေကျေနပ်နပ်ကြီးမောင်းတံကိုဖြုတ်ချလို့ရပေမယ့်
တစ်ချို့တွေအတွက်ကတော့
မောင်းတင်ပြီးမှ ပြန် ရုတ် လိုက် ရ တဲ့ လက် တစ် ဖက် လို
တိတ်ဆိတ်ခြင်းတွေနဲ့နာကျင်ရတယ်

အ ချစ် က.  .   ..
တိတ် ဆိတ် လေ နာ ကျင် လေ
ဥ ပ က္ခာ ပြု လေ နာ ကျင် လေ
အ ရွှဲ့ တိုက် လေ နာ ကျင် လေ ပဲ
မင်း နဲ့ ငါ ဟာ လည်း
အ ကြွေ စေ့ တစ် စေ့ ရဲ့
ခေါင်း နဲ့ ပန်း လို
အ နီး ဆုံး မှာ ရှိ ပေ မယ့်
တစ် ယောက် နဲ့ တစ် ယောက် က တော့ ဘယ် တော့ မှ မ သိ နိုင် တော့ ဘူး ~~ ~

ဒါပေမယ့်
အချစ်ရဲ့ တည်ရှိမှု ဟာ
အကြွေစေ့ တစ်စေ့ ရဲ့ လှည့်ကွက်အပေါ်မူတည်နေခဲ့ရင်
ဘယ်တော့မှ သရေ မကျတဲ့
အကြွေစေ့တစ်စေ့ရဲ့လည်ပတ်မှုလို
တစ်ယောက်အနိုင်ဆိုတစ်ယောက်အရှုံး
ပြိုင်ပွဲတစ်ခုလိုသုံးသပ်ခဲ့ရင်
ဒီပွဲမှာငါရှုံးပါစေ
အသက်ထပ်မယ့်လောင်းကြေးအတွက်. .  .   .

နောက်ဆုံးအနေနဲ့
မင်းရဲ့ နှလုံးသား မှာ တစ်စက္ကန့်လောက်ပွင့်မယ့်အချစ်အတွက်
သေရမယ်ဆိုရင်လည်း
တိတ်ဆိတ်စွာ ငါ သေပေးခဲ့မယ်

ငါ့ရဲ့အချစ်ကြောင့် မင်းနှလုံးသား အပျင်းပြေလှုပ်ရှားသွားရင်ပဲ
ငါ ကျေ နပ် လိုက် ပြီ ~~

7th April,2013                                                                    Ray
24:00

In: ကဗျာ Posted By: Date: May 8, 2013
Comment #1

•_•
•_•
•_•
•_•
•_•

commentinfo By: ei lay at May 8, 2013
Comment #2

Ray … ချစ် ရ ပါ သော X-Ray ဆိုလိုရင်းကို ရလိုက်ပေမယ့် လက်ကျ သွားသလို ပဲ ခံစားရတယ်
ကြိုး စား ပေး ပါ ဦး ဗျို့ ..ဒီက ဂျီးတော် အားပေးဖို့ စောင့်နေတယ်ဗျ

( ချစ် လို့  ခင် လို့  စိတ် ထဲ ရှိ လို့  ပြော မိ တာအတွက် စိတ်ဆိုးလည်း မတတ်နိုင် ဘူးကွာ – ဒါပဲ)

commentinfo By: အသဲကွဲမိုး at May 8, 2013
Comment #3

မင်းရဲ့ နှလုံးသား မှာ တစ်စက္ကန့်လောက်ပွင့်မယ့်အချစ်အတွက်
သေရမယ်ဆိုရင်လည်း
တိတ်ဆိတ်စွာ ငါ သေပေးခဲ့မယ်

မနေ့ကတည်းကစောင့်နေတာ .. ဒီကဗျာလေးကို .. ကြိုက်ပါသည်

commentinfo By: မေပျို at May 8, 2013
Comment #4

စာပြန်ရိုက်တာနောက်ကျသွားသည့်အတွက် ချစ်လှစွာသော အစ်မများ စိတ်မရှိပါနဲ့နော်
ဂျီးတော်ရယ် ကဗျာကို စိတ်ထဲရှိတဲ့အတိုင်းဝေဖန်တာကို ကျွန်တော် စိတ်မဆိုးပါဘူး ကျွန်တော့်ကိုယ် ကျွန်တော်လည်း သိပါတယ် ဒီကဗျာ သိပ်ဖတ်လို့မကောင်းဘူးဆိုတာ ~
ကဗျာလေးကို အားပေးသွားတဲ့ မအိလေး ၊ အစ်မတော်မိုး နဲ့ မမေပျို ကျေးဇူးအများကြီးတင်ကြောင်းပါဗျာ ~~

With respect,
RAY

commentinfo By: X - ray at May 19, 2013
Comment #5

Ray ရေခံစားအားပေးသွားပါတယ်
ကြိုက်တယ် ကဗျာလေးကို

commentinfo By: loafer at May 19, 2013
Comment #6

ကျေးဇူးဗျာ ဒီကဗျာက ခင်ဗျားတို့မျှော်လင့်ထားသလောက်ဖတ်လို့မကောင်းတဲ့အတွက် စိတ်မကောင်းပါဘူး
ဆက်လက်ကြိုးစားပါဦးမယ် ~~

With respect,
RAY

commentinfo By: X - ray at May 26, 2013
Comment #7

ဟာ..တစ်စက္ကန့်လောက်တော့မလုပ်ပါနဲ့…တစ်မိနစ်လောက်ဆိုတော်သေးတယ်.
x-rayရ…ဟဲဟဲ…

commentinfo By: poem.poem28 at May 31, 2013
Comment #8

ကဗျာကို ကဗျာလိုပဲတွေးပါဗျာ
အားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုgenius ~~

With respect,
RAY

commentinfo By: X - ray at Jun 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment