Professional Authors

နတ်ဆိုးမ ကျိန်စာ

ရှင်သန်ခြင်းနဲ့ အတူ
မီးမြှိုက်သင်္ဂြိုလ်ခံလိုက်ရတဲ့ 
နှလုံးသားအသစ်စက်စက်တစ်ခု
ကျောက်ဖြစ်နေခဲ့တာ
ကင်းခြေများတစ်ကောင်ရဲ့ခြေလှမ်းမှားခြင်းကြောင့်လား
ကိုယ့်ဝမ်းနာကိုယ်သာသိတော့
ထွေထွေထူးထူး ရှင်းပြမနေတော့ပါဘူး
ဒါဟာ နတ်ဆိုးမရဲ့ကျိန်စာဆိုလဲ
အငြိုးကြီးကြီးနဲ့ သာရွာချလိုက်ပါ
ခါးသီးစွာစိမ်းလန်းနေတဲ့ ငါ့ရဲ့ဝဲဘက်ရင်အုံထဲ
ရေလောင်းပေါင်းသင်စရာမလိုအောင်
အမုန်းတရားတွေ ရှင်သန်နေတာ
ဒါ နတ်ဆိုးမ ရဲ့  ကျိန်စာ။  ။

In: ကဗျာ Posted By: Date: May 8, 2013
Comment #1

အခု မှ ရေးကာစ ဖြစ် လို့  ဖတ်ရတာ အဆင်မပြေဖြစ်ခဲ့ ရင်အားလုံးကို
တောင်းပန်ပါတယ်ဗျာ

commentinfo By: ZzzZ at May 8, 2013
Comment #2

ဆက်ရေးပါ .. အားပေးပါ့မယ်

commentinfo By: မေပျို at May 8, 2013
Comment #3

အားပေးနေပါတယ် Bro 🙂

commentinfo By: loafer at May 9, 2013
Comment #4

CoOl!

commentinfo By: jue at May 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment