Professional Authors

ကျွန်တော့်ရဲ့ ချစ်သူအတွက်

ကျွန်တော့် အချစ်က
သူများတွေလိုတော့
အဖြူသက်သက် မဟုတ်ဘူး
ရောင်စုံခြယ်ထားတယ်။

သူနဲ့အတူ ရှိနေရင်
ကြည်လင်ပျော်မြူးတဲ့
ပန်းနုရောင်အချစ်တွေရှိတယ်။

သူနဲ့အတူ နေရရင်
ငြိမ်းချမ်းအေးမြနေတဲ့
အပြာရောင်ချစ်ခြင်းတွေ ဖြစ်တည်တယ်။

သူနဲ့အတူဆိုရင်
ဘာမဆို ရင်ဆိုင်ဖြေရှင်းရဲတဲ့
အနီရောင်ချစ်ခြင်းတွေလည်း ပိုင်ဆိုင်သေးတယ်။

နောက်ပြီး
သူ့ကို ဆုံးရှုံးမှာကြောက်ပြီး
ပိုင်ဆိုင်ချင်တဲ့
အတ္တရောင်နည်းနည်းတောင်ပါဝင်နေသေးတယ်။

ကျွန်တော့်အချစ်က
သက်တန့်ရောင်လိုပဲ
သူ့အတွက် လှပခြင်းတွေဖြစ်စေချင်တယ်။

ကျွန်တော့်အချစ်မှာ
အရောင်တွေစုံပေမယ့်
အရာအားလုံး သူ့ပေါ်ဖြစ်တည်လာတဲ့
ကျွန်တော့်ရဲ့   အချစ်တခုကိုပဲ
အခြေခံခဲ့ပါတယ်…..။      ။

In: ကဗျာ Posted By: Date: May 7, 2013
Comment #1

အရောင်တွေပါတော့ ပိုလှတာပေါ့

commentinfo By: မေပျို at May 7, 2013
Comment #2

🙂
So much lovely.
so much colorful.
so much cute

commentinfo By: ei lay at May 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment