Professional Authors

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် …

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
ကြယ်တွေမကြွေအောင် ဆုတောင်းကြည့်မယ်

တစ်ခါကြွေတိုင်း ရူးမတတ်
တောင်းဆုခြွေနေရတာ မောလွန်းလို့ပါ …

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
အငိုတွေရပ်ဖို့ ဆုတောင်းကြည့်မယ်

တစ်ခါလွမ်းတိုင်း ရူးမတတ်
ငိုကြွေးနေရတာ မောလွန်းလို့ပါ …

တစ်ကယ်ပါ …

ဆုတောင်းတိုင်းသာ ပြည့်ခဲ့မယ်ဆိုရင်လေ
အတိတ်မေ့သွားအောင် ဆုတောင်းကြည့်ချင်တယ်

တစ်ခါသတိရတိုင်း ရင်တစ်ခုလုံး
ကွဲထွက်သွားမတတ် ခံစားနေရတာ ပင်ပန်းလွန်းလို့ပါ …..

>> Phyoe Layy <<

In: ကဗျာ Posted By: Date: May 7, 2013
Comment #1

Oh yes
kwat ti be kwar.
😛
million thz.
Plz let me copy.

commentinfo By: ei lay at May 7, 2013
Comment #2

😀 … as you like fri … 😀 … thz .. 🙂

commentinfo By: Phyoe Layy at May 7, 2013
Comment #3

တစ်ခါသတိရတိုင်း ရင်တစ်ခုလုံး
ကွဲထွက်သွားမတတ် ခံစားနေရတာ ပင်ပန်းလွန်းလို့ပါ …..

commentinfo By: မေပျို at May 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment