Professional Authors

အကွာအဝေး မတူတဲ့ အချစ်

တွေ့ဆုံ ကြုံကြိုက် မှုက ပေးတဲ့ သံယောဇဉ်တစ်ခုပါ
အဲ့ဒီမျက်ဝန်းတွေကနေ အသက်ဝင်တဲ့အစပျိုးမှုတွေမွေးဖွားတယ်
မဖြစ်နိုင်ဘူးဆိုတာထက်
မဖြစ်သင့်တာက ကျွန်တော်တို့ကိုဆောင်ကျဉ်းသွားတယ်
မေရယ် ………..
ငါတို့ လမ်းခုလတ်ကနေ ရုန်းထွက်ရမယ့်အခြေမှာ
တစ်ယောက်နဲ့ တစ်ယောက် မလွမ်းကြေးပေါ့။

တကယ်တော့ ကျွန်တော်တို့ဟာ
လောကရဲ့ အမိုက်မဲဆုံးသော လူရမ်းကားတွေ
ဧဒင် ဥယျာဉ် ထဲက ပန်းသီးရဲ့ အရသာကိုမှ
တပ်မက်ခံစား ချင်ခဲ့သလို
ရာဇဝင်ထဲက ကမ်းပါးပေါ်က တယောအိုတစ်လက်ရဲ့ သံဇဉ်ကို ရှာဖွေမိသလို
မြှားနတ်မောင်ကို လာဘ်ထိုး စေခိုင်းချင်သလို
အဲ့ဒီလိုမျိုး တကိုယ်ကောင်းသိပ်ဆန် ချင်ခဲ့ဖူးတယ်။

မေ ဟာ ကျွန်တော် ရင်ထဲက ရင်ဝှက်ပန်း တစ်ပွင့်ဆို
ကိုယ့်ကိုကိုယ် ပွတ်ခတ်မိစေခဲ့သူက ကျွန်တော်ကိုယ်တိုင်ပဲ
လတစ်စင်း နဲ့ အပြိုင်လင်းလက်ဖို့ ကြိုးစားရင်း
ပိုးစုန်းကြူး ရဲ့ လှောင်ရယ်သံ နဲ့ နှစ်သိမ့်ခဲ့ရပေါင်းလည်း မနည်းဘူး
မေ အတွက် ကျွန်တော်ဟာ ဘာမှ မဟုတ်တဲ့
ဘာဆို ဘာမှ မဟုတ်တဲ့
အဲ့ဒီလို ကွာခြားမှုတွေကြားကနေပဲ
မေ့ရဲ့ ခံစားရတဲ့ ဝမ်းနည်းမှုတွေကို လျော့ပေးချင်သေးတယ်။

ပြောင်းလဲမသွားးး နိုင်တော့ဘူးးးးး
ပြောင်းလဲလို့လည်း မရတော့ဘူးးးး
(ဒါပေမယ့်)
ဆုံမှတ် ပျောက်တဲ့ ဒီမျဉ်းပြိုင် နှစ်ကြောင်းကြားမှာ
သီအိုရီ တစ်ခုတော့ ရှာဖွေတွေ့ရှိခဲ့တယ်
မေ့သွားးပါ မေရယ်
ဒါပေမယ့် တရံတခါတော့ သတိရပါ
တစ်ခုတော့ပြောခဲ့ပါရစေ
တကယ်တော့ အချစ်ဆိုတာ
ရွှေ ရွှေ ချင်းထပ်မှမြတ်သလိုမျိုး
တစ်ကိုယ်ကောင်း သိပ်ဆန်တယ် မေ။။ ။။

                                    

ဇော်သက်ဦး
In: ကဗျာ Posted By: Date: May 3, 2013
Comment #1

Good တယ်ဗျာ

commentinfo By: rhynaung at May 3, 2013
Comment #2

တကယ်တော့ အချစ်ဆိုတာ
ရွှေ ရွှေ ချင်းထပ်မှမြတ်သလိုမျိုး
တစ်ကိုယ်ကောင်း သိပ်ဆန်တယ် မေ …

အားပေးခံစားသွားပါတယ် .. ခံစားသွားရပါတယ် .. ကဗျာကောင်းလေးပါ

commentinfo By: မေပျို at May 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment