Professional Authors

မျက်ရည်နဲ့ အသက်သွင်းခဲ့တဲ့ကဗျာ

တစ်ဖင်ထဲထွက်တဲ့
 မောင်နှမချင်းတူတာတောင်မှ
ဒီအဖမဲ့ ဖတဆိုးလေး
နှစ်ကောင်ကိုမှ
မင်းတို့ ကထပ်ဖြိုခွဲတယ် … ။

မင်းတို့ မှန်တယ်
ငါတို့ မှားတယ်
ဘ၀တစ်လျှောက်လုံးခေါင်းငုံနေခဲ့ရတယ် … ။

ငယ်ရိပ်ငယ်ယောင်လား
ကမ္ဘာမကျေသွေးကြွေးတွေလား
မင်းအရွယ်နဲ့ 7တန်းကလေးကို
ထိုးခဲ့ဖူးတယ် … ။
မင်းတို့ ဦးနှောက်တွေနဲ့ 
10တန်းတစ်ယောက်ကိုဖျက်ဆီးခဲ့တယ်
ငါတို့ နှစ်ယောက်ရဲ့  ဘ၀တွေ
ဘယ်နေ့ ကမှမလှပခဲ့ဘူး
အမြဲတမ်းအချိုးဖဲ့ခံ
အနှိမ်ခံဘ၀နဲ့ နေခဲ့ရတယ်
ဝမ်းကွဲတွေကြားထဲမှာ
ငါမသာချင်ခဲ့တဲ့နေ့ တစ်ရက်မှမရှိခဲ့ဘူး
ဒါပေမဲ့ အဲ့လမ်းတွေက
ငါ့ရဲ့ အတ္တတွေနဲ့ ပဲ အမှောင်ကျနေတယ် … ။

ပထမဆုံး ဆုံးရှုံးမှု
အဖေသေခဲ့ရတယ်
အဖေခြေချခဲ့တဲ့
ဟိုဖက်ကမ်းကိုပဲ ကျွန်တော်လှမ်းချင်တယ်
အဲ့မှာကျွန်တော်တို့ ငြိမ်းချမ်းခဲ့တယ်
ကျွန်တော်တို့ ပျော်ရွှင်ခဲ့တယ် … ။

အဲ့လိုနဲ့ ပဲ မင်းတို့ နဲ့ တွေ့ တော့
ငါတို့ ဘ၀သေခဲ့ရတယ် … ။

ရင်ထဲမှာရှိပေမဲ့
မပြောဖြစ်ခဲ့ရတဲ့ စကားသုံးခွန်း
အဖေ့ကိုချစ်တယ်
အမေ့ကိုချစ်တယ်
အစ်ကိုကိုချစ်တယ်
ကဗျာထဲမှာပဲမျက်ရည်နဲ့ အသက်သွင်းခဲ့တယ် … ။

In: ကဗျာ Posted By: Date: Apr 22, 2013
Comment #1

^_^

commentinfo By: မေပျို at Apr 22, 2013
Comment #2

ဟိုက်….ဘာပြောရမလဲ loafer ရယ်..ဘာပြောရမလဲဆိုသာသိရင် ပြောပြပါ့လား….ဆွံ့အသွားတာပဲ

commentinfo By: n$n at Apr 22, 2013
Comment #3

Bro ကျွန်တော်လည်းကဗျာတစ်ပုဒ်အပေါ်မှာပဲရင်ဖွင့်ပြနိုင်ခဲ့တယ် … ။

commentinfo By: loafer at Apr 22, 2013
Comment #4

Hna lone tarr unit khan sarr twar par de

commentinfo By: ei lay at Apr 22, 2013
Comment #5

လွမ်းမောရပါတယ်…ကဗျာကောင်းလေးအတွက်

commentinfo By: kyawsanoo at Apr 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment