Professional Authors

ဆက်စပ်လို့မရတဲ့အကြောင်းအရာများ


မနေ့ညကခဲ ခဲ့တဲ့ဆေးလိပ်တို
ဒီနေ့မနက်ကျမှပိုပြီး ချိုနေသလိုလို
အငမ်းမရဖွာရှိုတ်မိတယ်။

တကိုယ်ရေသန့်ရှင်းမှုဟာ
ငါ့အတွက်အရေးမကြီးတော့ဘူး။
မျက်နှာမသစ်ဘဲ ရေချိုးမိပြီ။

ပြောရရင်
အချစ်ဟာလည်း
ကျန်းမာရေးကို ထိခိုက်နိုင်တာဘဲ

တခါတရံမှာတော့
အဲဒီနှာခေါင်းပေါက်ထဲတိုးဝင်လာတဲ့လေတွေကို
မရူမိအောင်ကြိုးစားမိတယ်။

မနက်ဖန်ဆက်ရမယ့်ခရီးဟာလည်း
သံသရာတပါတ်ဘဲဆိုပါတော့

ချစ်ခြင်းတရားဟာ
ဘယ်ပုံဘယ်နည်းအဆိပ်တတ်သွားလဲမသိ

ငါ့အနာဂါတ်တွေဟာ
ကြေမွပြန့်ကျဲနေတဲ့ စက္ကူအပိုင်းစတွေဘဲ

မျှော်လင့်ခြင်းအသစ်နဲ့
မနက်ဖန်တွေအတွက်
ငါ့အချိန်တွေထပ်ဖြုန်းရမယ်။

မနေ့တုန်းကလိုဘဲ
ဒီနေ့ညမှာလဲငါမျက်လုံးမှိတ်ပြီးအိပ်ရအုံးမယ်။

လူမင်းခ။

In: ကဗျာ Posted By: Date: Apr 22, 2013
Comment #1

^_^

commentinfo By: ei lay at Apr 22, 2013
Comment #2

T_T

commentinfo By: မေပျို at Apr 22, 2013
Comment #3

အဲဒီလောက်ထိတောင်ခံစားခဲ့ရတာလား..တစ်ခါလောက်တော့အချစ်ကြောင့်ခံစားကြည့်ချင်တယ်
အခုတော့သက်သာသွားပြီလား

commentinfo By: phyoe at May 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment