Professional Authors

နှုတ်ပိတ် ပျော်မွေ့ 

ရည်ရွယ်ချက်နဲ့  နှုတ်ဆက်မိတဲ့ “ဟိုင်း”
ပြန်တွေးတိုင်း တွေးတိုင်း
အသည်းတစ်ပိုင်း အပြိုင်းပြိုင်း
ကျန်တစ်ပိုင်း တရှုံရှုံ … ။

နေ့ တွေ  နေ့ တွေ  …
တွေးမိလေလေ
မငြီးငွေ့ ဘဲ ပျော်ရွှင်နေအမြဲ
အစပျိုးမိလို့  အဆုံးသတ်မရှိ
စက်ဝိုင်းကြီးလို
စက်ဝိုင်းလေးလို
အမြဲတစေ လှည့်ပတ်မိတယ် … ။

ချစ်သူတွေရင်မှာ
ပျော်ရွှင်ပါတဲ့ FEB 14
ကျွန်ုပ်ရင်မှာ
အစဉ်သာပါတဲ့ လဆုတ် ၁၄ … ။

လမင်းလေးလည်း အဖော်မပြုနိုင်
ကြယ်စင်လေးလည်း အဖော်မပြုနိုင်
အဘယ်ဝယ် သာနေသလဲ
တိတ်ဆိတ်တဲ့ ညသန်းခေါင်ယံ
လေပြေလေးလည်း မတိုးဝှေ့ နိုင်
အဘယ်အရာမှအဖော်မပြုနိုင်
သင်သာကျွန်ုပ်ရဲ့  မဏ္ဍိုင် … ။

သူမရှိသည်ဖြစ်စေ
မရှိတော့သည်ဖြစ်စေ
သူမသိသည်ဖြစ်စေ
မသိသည်ဖြစ်စေ
သူမနာမည်လေးနဲ့ 
ခိုးယူထားတဲ့ဓာတ်ပုံလေးပဲ
အမြဲပိုင်ဆိုင်နိုင်တယ် … ။

ဖွင့်မပြောပဲ
ရင်မောလည်း
ပျော်ရွှင်အမြဲပါ
ကျွန်ုပ်စိတ်မှာ
သင်သာအရှင်
သင်သာသခင်ပါ … ။

In: ကဗျာ Posted By: Date: Apr 18, 2013
Comment #1

မိုက်လာတယ်… မိုက်လာတယ် (မလိမ္မာတော့ဘူး) 😛

commentinfo By: နိုးဆက် at Apr 18, 2013
Comment #2

ကျွနုပ်စိတ်မှာ
သင်သာအရှင်
သင်သာသခင်

commentinfo By: နွေ at Apr 18, 2013
Comment #3

တေလေ ကြည့်လုပ်နော်
မလွယ်ဘူး ရူးနိုင်သည်

commentinfo By: မေပျို at Apr 18, 2013
Comment #4

အားပေးသွားပါတယ်:-)

commentinfo By: miss tower at Apr 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment