Professional Authors

ဖော်ဝေးပိတောက်……

အခုချိန်ဆို…
ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ…
ရေတွေရွှဲစိုလို့…
လူငယ်တွေလည်း အနမ်းတွေပိုနေကြရောပေါ့…
မှတ်မိသေးတယ်..ဧပရယ်နွေရယ်…
သင်္ကြန်ရေထဲ တူယှည်တွဲလို့..
ပျော်ပါးခဲ့တဲ့ ရင်ခုန်သံအပိုင်းအစနေ့ရက်တွေ…
အခုဆိုရင်…
ငါ တစ်ယောက်လည်းအဝေးရောက်တော့…
နင် တစ်ယောက်လည်း…
ပိတောက်ပင်တွေကြား…
ရင်ခွင်သစ်နဲ့ပျော်ပါးနေပြီလား…
ဟိုတစ်ချိန်က…
ပိတောက်နှင့်အလှချင်းပြိုင်တဲ့ မင်း မျက်နှတော်…
ငါ မျှော်ကာမော်ကာ ဖူးချင်မိတယ်…
အရင်တစ်ချိန်က..
သင်္ကြန်ရေထဲတူယှည်တွဲပြီး..
ရင်ခုန်သံချင်းအပ်လို့..
နှလုံးသွေးချင်းဆက်ခဲ့တာ…
နင် တစ်ချက်လောက်ရော တွေးမိရဲ့လား…
အစကောင်းပေမယ့် အနှောင်းမသေချာတာ..
ငါ့ ဘဝရဲ့ကံအကြောင်းလေလား…
ပြန်ဆုံနိုင်ဖို့ လမ်းစမရှိတော့ရင်..
နုတ်ဆတ်အနမ်းတစ်ချက်တော့..
သင်္ကြန်မိုးရဲ့ လေပြည်နဲ့အတူ…
လေထဲကိုပဲ လွှတ်တင်လိုက်ပေါ့…

In: ကဗျာ Posted By: Date: Apr 16, 2013
Comment #1

လွမ်းစရာရှိပါသေးတယ်ရှင်
အားကျစရာကြီး

commentinfo By: မေပျို at Apr 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment