Professional Authors

ချစ်သူ

စိုးရိမ်ခြင်း အတွေးတွေထဲက
သတိရခြင်း တိမ်စိုင်လေးတွေ
မင်းကိုပူပြင်းစေမယ့် နေမင်းကိုတောင်
ကာကွယ်ပေးနိင်တယ်
မြတ်နိုးခြင်း အိမ်မက်တွေထဲက
စိတ်ကူးခြင်း လေနုအေးတွေ
မင်းကို အေးမြစေမယ့် လရိပ်ကိုတောင်
ကူညီပေးနိင်တယ်
ပျော်စရာကောင်းတဲ့ ဘ၀တစ်ခုမှာ
စိတ်ညစ်စရာ အတိတ်တွေကို
မေ့ဖျောက်ပေးခဲ့ပါလား ချစ်သူ
မလွမ်းတက်ဘဲ မနေနိင်တဲ့
နှလုံးသားတစ်ခုကို
အရောင်ဆိုးပေးခဲ့ပါလား ချစ်သူ
ဒါမှ မင်းကို သတိရနေပြိး
တမ်းတလို့ နေတက်ရအောင်
လေတွေတိုက်နေတယ် ဟုတ်ပါတယ်
အပြင်မှာ မိုးတွေသည်းနေတယ်
ဒါတောင် မောင့်နှလုံးသားလေး
မင်းကို စိုးရိမ်စိတ်နဲ့ အော်ခေါ်နေမိသေးတယ်
အော် ချစ်နေရသူလေး…
ကြားမှကော ကြားနိင်သေးရဲ့လား
မြင်နိင်ကောင်း မြင်နေသင့်တယ်
မောင့်နှလုံးသားလေး ရှုပ်ပွနေပေမယ့်
မင်းနှလုံးသားလေး တောက်ပလို့
နေပေးပါ  ချစ်သူ………

In: ကဗျာ Posted By: Date: Apr 9, 2013
Comment #1

*_^

commentinfo By: ei lay at Apr 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment