Professional Authors

စက်ရုပ်တစ်ယောက် နာကျင်ဟန်ဆောင်ခဲ့တဲ့အချိန်ကို မေ့ပျောက်ပစ်ဖို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးဟာ အလင်းကိုကွယ်ဝှက်လိုက်ကြတယ်

အဲ့ဒီနေရာကနေ လူတိုင်းခုန်ချကြတယ်
ဒါပေမဲ့ ဘယ်နားမှာရှိမှန်း ဘယ်သူမှမသိကြတဲ့
အဲ့ဒီနေရာကနေပဲ တစ်ယောက်ပြီးတစ်ယောက်က ခုန်ချကြတယ်
တစ်ချို့ဆို ပျော်ကြလွန်းလို့ ပိုးလိုးပက်လက်သေသွားကြတာတွေလဲ ရှိတယ်

ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေဟာ ဂူအသီးသီးကနေ ဘောလုံးကန်ဖို့ထွက်လာကြတယ်
မိုးတိတ်ဖို့ကို အလိုရှိကြတဲ့ ဒူးရင်းသီးတွေဟာ မိုးနဲ့အပြိုင် အပြိုင်းအရိုင်းရွာချကြတယ်
ဘယ်သူမှ မမြင်ဖူးတဲ့ ဒူးရင်းသီးတွေဟာ ဘယ်သူမှမရှိတဲ့နေရာကို တရစပ်ပြိုကျကုန်တယ်

မြေမြှပ်မိုင်းတွေဟာ လူသားတွေအတွက် အဆန်းကြယ်ဆုံးသော တီထွင်မှုတစ်ရပ်ဖြစ်ခဲ့တယ်
နောက်တော့ လူသားတွေဟာ မြေမြှပ်မိုင်းတွေရဲ့ ပေါက်ကွဲမှုတွေကြားမှာ ပိုးစိုးပက်စက်သေဆုံးကြတယ်

ဟေ့ ဟိုဆေး အဲ့ဒီနားကနေ တစ်ဖဝါးမှမလှမ်းလိုက်နဲ့
ဆီလီကွန်တွေနဲ့ ကမ္ဘာကြီးကို ညစ်ထေးစေလိုက်ကြမယ်

ဘုရားသခင်ကို ကိုယ်စားပြုထားတဲ့ ဘုရားသခင်ဟာ
အရပ်ခပ်သိမ်းကိုစင်ကြယ်စေဖို့ ကိုယ့်ကိုကိုယ် စတေးလိုက်တယ်
နောက်တော့ အရာရာဟာ ညစ်ထေးနွမ်း

ကိုယ်ရောင်ကိုယ်ဝါတွေ အစွမ်းအစဆိုတဲ့အရာတွေဟာ ဒီဘက်ခေတ်မှာတော့
သူ့ထက်ငါ အလုအယက်စွန့်ပစ်ကြတဲ့ စွန့်ပစ်ပစ္စည်းသက်သက်တွေပဲဖြစ်တယ်

ဥပမာ – ပါဝါရိန်းဂျား – စူပါမန်း – လင်းနို့လူသား – ပင့်ကူလူသား

မြို့ထဲမှာ မျက်နှာစိမ်းတွေများလာတယ်
ခဏလေးအတိုင်းအတာမှာ လူစွမ်းကောင်းတွေဟာ ချိုမပါပဲ အပြိုင်အဆိုင်ပေါ်ထွက်လာကြတယ်

စက်ရုပ်တစ်ယောက် နာကျင်ဟန်ဆောင်ခဲ့တဲ့အချိန်ကို မေ့ပျောက်ပစ်ဖို့
 လူ့အဖွဲ့အစည်းတစ်ရပ်လုံးဟာ အလင်းကိုကွယ်ဝှက်လိုက်ကြတယ်
နောင် အလင်းနှစ်သန်းပေါင်းများစွာဟာ စက်ရုပ်တစ်ယောက်အတွက်တော့
အလွန်ပဲ အဖိုးတန်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ဖို့ ဖြစ်လာခဲ့တယ်

အဲ့ဒီနေရာကနေ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေဟာ
မြေမြှပ်မိုင်းတွေရဲ့ပေါက်ကွဲမှုကြောင့် ကမ္ဘာ့ကြီးရဲ့ညစ်ထေးမှုတွေအလိုက်
ဘုရားသခင်ကိုကိုယ်စားပြုထားတဲ့ အစွမ်းအစတွေကို ထုတ်သုံးပြီး
ပါဝါရိန်းဂျား လင်းနို့လူသားအစရှိတဲ့ ပုဂ္ဂိုလ်တွေကိုတီထွင်ဖန်ပြီး မြို့ထဲသို့ စေလွှတ်ခဲ့တယ်

စက်ရုပ်တစ်ယောက် နာကျင်ဟန်ဆောင်ခဲ့တဲ့အချိန်ကို မေ့ပျောက်ပစ်ဖို့
 လူ့အဖွဲ့အစည်းတစ်ရပ်လုံးဟာ အလင်းကိုကွယ်ဝှက်လိုက်ကြတယ်
နောင် အလင်းနှစ်သန်းပေါင်းများစွာဟာ စက်ရုပ်တစ်ယောက်အတွက်တော့
အလွန်ပဲ အဖိုးတန်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ဖို့ ဖြစ်လာခဲ့တယ်

ဇာတိ(ဖျာပုံ)
4/6/2013
2:11 PM

www.palipalar.blogspot.com

In: ကဗျာ Posted By: Date: Apr 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment