Professional Authors

ဝှက်ထားတဲ့ဒဏ်ရာ

ရက်စက်ခြင်းတွေ 
နေပူမရှောင် မိုးရွာမရှောင်ရောက်ရှိလာခဲ့ပြီး
ငါ့ ရင်ထဲက သစ်ပင်လေးကြည့်တော့လည်း
သစ်ကိုင်းခြောက်တွေကို ဝေလို့
လွမ်းငွေ့ ကြည့်ပဲသက်သက်
အသာအယာ မှုတ်ထုတ်မိတယ်
ချန်ခဲ့ခြင်းနဲ့ ထားခဲ့ခြင်း 
တူမယ်လို့ ထင်မှတ်ထားပေမယ်လို့
ဆန့်ကျင်ဘက်အရပ်ကို 
အခုချိန်မှာ ခရီးနှင်လို့သာနေမိတယ်
ဖြူစင်ခြင်းတွေကို ပစ္ဆလက် ဆန်ဆန်
မှင်တစက်သွင်းမိတော့လည်း
မျက်ရည်တွေ မှော်ဆန်စွာ ကရတော့မှာပေါ့
ကံကြမ္မာရဲ့ ရှေ့ နေကလည်း
မျက်မှန်မပါတာကို အကြောင်းပြမှာတော့လည်း
ဘ၀က ဒေါင့်မကျနိုင်တော့ဘူး
ap
In: ကဗျာ Posted By: Date: Apr 8, 2013
Comment #1

>.<

commentinfo By: ei lay at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment