Professional Authors

ငှက်ပျောတုံး ကလေးရယ်….

ကဗျာတစ်ပုဒ်လောက်တော့ဖွဲ့သင့်တယ်ထင်လို့
မယ်မဒီကလေးအကြောင်း
ညနေခင်းကလေးအကြောင်း
လတ်ဆတ်တဲ့လေညင်းကလေးအကြောင်း
အချိန်ပေးမှသိနိုင်လိမ့်မယ့် စွဲမြဲမြတ်နိုးငြိတွယ်မိ 
စိတ်တွေအကြောင်း
သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်ရေးဖြစ်ဦးမယ့်
မသေချာသောမနက်ဖြန်တွေအကြောင်း
စွန့် စားမှူတွေအလေ့အထုံရှိနေလျက်က
အိပ်မက်သစ်မက်ဖို့ ရံဖန်ခါမဝန့် ရဲမိတဲ့အကြောင်း
အချစ်ကသတ္တိ ကိုမွေးဖွားသလား?
သတ္တိရှိတဲ့လူမှ ချစ်ဖို့အရည်အခြင်းမှီသလား
နစ်ဦးနှစ်ဘက်ကို မခံစားမိဖူးတော့လည်း…
….
ငှက်ပျောတုံး ကလေးရယ်….

ဩမြိုင်

In: ကဗျာ Posted By: Date: Apr 8, 2013
Comment #1

@_@

commentinfo By: ei lay at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment