Professional Authors

အိမ်မက်မက်နေဆဲပဲ

မင်းသိမလား
အချစ်ရဲ့ အစမျက်ဝန်းက
မင်းနဲ့ အတွေ့ မှာ
နှလုံးသားတံခါးပွင့်ထွက်သွား
ကျွန်တော်အိမ်မက်စမက်ပြီ … ။

မင်းနာမည်ငါသိခဲ့တဲ့
နေ့ရက်တွေထဲဝယ်
အရိုးသားဆုံးပဲစိတ်ကူးမိတယ်
ဘ၀တစ်ခုဖန်တီးဖို့ 
ကျွန်တော်အိမ်မက်တွေကိုတောင့်တနေတတ်ပြီ … ။

မထူးဆန်းပါဘူး
ကျား က မ ကိုချစ်တာ
ခံစားရရင် ဒဿန ပါဆိုတာ
မတွေ့ ရရင် အလွမ်းတွေအလည်လာ
တွေ့ ရရင် အိမ်မက်တွေအလည်လာ
သူမအပေါ်အိမ်မက်မက်တတ်နေပြီ … ။

ကံတရားကမမျှတပါဘူး
သူမပေးတဲ့အခွင့်ထူးလေးကိုမှ
လွန်လွန်ကျူးကျူးရက်စက်သွားတယ်
ကျွန်တော့်အိမ်မက်တွေကို ရိုက်ခွဲသွားတယ်
ရပါတယ်လေ …
မရှိမဲ့ ရှိမဲ့ နဲ့ပဲဆက်မက်နေအုံးမယ် … ။

“တစ်နေ့ ”
အဲ့ဒီစကားကိုလူတိုင်းရင်းနှီးမှာပါ
လူတိုင်းကြုံတွေ့ ဖူးမှာပါ
လူတိုင်းမျှော်လင့်ဖူးကြမှာပါ
အဲ့ဒီ တစ်နေ့ ကို
ကျွန်တော်လည်းအိမ်မက်မက်နေသေးတယ် … ။

In: ကဗျာ Posted By: Date: Apr 7, 2013
Comment #1

>.<

commentinfo By: ei lay at Apr 7, 2013
Comment #2

အဲ့ဒီ တစ်နေ့ ကို
ကျွန်တော်လည်းအိမ်မက်မက်နေသေးတယ် …

commentinfo By: မေပျို at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment