Professional Authors

သေတမ်းစာ

” အစွန်းနှစ်ဖက်ကိုတွေ့အောင်ရှာ..ပြီးရင်လွတ်အောင်ရှောင်..”
ဆိုသော..စကားကို..စာအုပ်တစ်အုပ်ထဲတွင်…ဖတ်ရသည်။

အစွန်းတစ်ဖက်မှာ…ခြေစုံရပ်မိနေမှန်း..သိသိကြီးနဲ့..
စွန့်ခွာ..မပြေးနိုင်မိတာကရော…ဘယ်လိုအကြောင်းများပါလဲ…။

” ဘာလုပ်မှာလဲ ” ဆိုသော…မသေချာမှုများထဲမှာ..ရုန်းထွက်လွတ်မြောက်ခြင်း
အလို့ငှာ..အကျိုးထူးစေနိုင်သော…မေးခွန်းကို…
သူမကိုသာမက….ကျွန်ုပ်ကိုယ်တိုင်ပါ…အပြန်ပြန်အလှန်လှန်…
မေးခဲ့ဖူးပါ၏ ။

စကားလုံးလေးလုံးမျှသာ..ပါဝင်သော..ထိုမေးခွန်း၏သံသရာထဲတွင်…
တ၀ဲလည်ကာ…ဖြစ်ဆဲ..ပျက်ဆဲ…လိုရင်းမရောက်နိုင်သော..မရေရာမှုများနှင့်..
မျက်ရည်စက်ပေါင်းများစွာ…အလိုမတူပဲ…စော်ကားခံရသည်။

ကောင်းလေစွ…ကောင်းလေစွ…ကောင်းလေစွ..ဟူ၍..သာဓုမခေါ်နိုင်သော…
အရာများထဲတွင်…သူမ၏..အယူအဆမြောက်မြားစွာ…ပါဝင်နေလေသည်။

နီကိုရဲ၏..၀တ္တုတစ်အုပ်ထဲကအတိုင်း…ထိုနတ်သမီးသည်…သူမကိုယ်တိုင်သာမက
ကျွန်ုပ်ကိုပါ…ထောင်ချောက်ထဲ…ဆွဲသွင်းနေချေပြီ…။

အမှန်စင်စစ်…ထိုထောင်ချောက်သည်…” ထာဝရဝေးကွာခြင်း ” ဟူသော…
အဓိပ္ပါယ်ကိုသာ…..ဖန်ဆင်းလေ၏။

အချစ် ဟူ၍…ရိုးရှင်းစွာ..အမည်တွင်သော…သမုဒ္ဒရာထဲတွင်…
သမာရိုးကျ…စီးမျောခဲ့ကြသည်…။
နှစ်ဦးနှစ်ဖက်…သက်ဆိုင်သော…ချစ်ခြင်းတရားကို..စိတ်တူကိုယ်တူ…
ရင်ခုန်ခွင့်…ရခဲ့သည်….မဟုတ်ပါလော….။

သူမသည်….ကျွန်ုပ်၏…စိတ်ကို….သတ်၏။
သူမသည်….သူမ၏…စိတ်ကို…သတ်၏။

သူမသည်…သူမ၏အတွေးတို့ဖြင့်…သူမကိုယ်သူမ…ဆွံ့အစေ၏။
သူမသည်…သူမ၏နှုတ်ဖြင့်…ကျွန်ုပ်ကို…ဆွံ့အစေ၏။

သူမသည်….
မခမ်းနားသောဈာပနာတို့ကို…ဦးဆောင်သူ…အရှင်သခင်ဖြစ်သည်..။

သူမသည်…
ပန်းသီးအလေအလွင့်တို့ကို…စုဆောင်းသူ…ပညာသည်ဖြစ်သည်…။

သူမသည်…
ဖြစ်တန်စွမ်းများကို…ရှုံ့ချသူ…သင်္ချာပညာရှင်တစ်ဦးဖြစ်သည်…။

သူမသည်…
အဖြူရောင်ဝါဒကို…..ငြင်းပယ်သူ….နိုင်ငံရေးသမားဖြစ်သည်…။

သူမသည်…
ကျွန်ုပ်ကို..ပိုင်ဆိုင်နိုင်သော…အပျိုစင်တစ်ဦးဖြစ်သည်…။

ကျွန်ုပ်သည်ကား….
ချစ်သောသူနှင့်…သေကွဲသာ..ကွဲလိုသော…
ဆွံ့အသော…နှုတ်ခမ်းဖြင့်….ရူးသူဖြစ်သည်..။

ကျွန်ုပ်သည်…နွမ်းလျသော…နှလုံးသားဖြင့်…
ယုံကြည်ချက်အပိုင်းအစတို့ကို…မျှော်လင့်ချက်နှင့်စားသုံးသူဖြစ်သည်…။

( မင်းရဲကျော်စွာ )

In: ကဗျာ Posted By: Date: Apr 6, 2013
Comment #1

Oh yes.
Hit directly to my heart deeply

commentinfo By: ei lay at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment