Professional Authors

မေမေ

မေမေ……………
ကျေးဇူးပါ မေမေ……..
မေမေ…………..
သားဘ၀ရဲ့ မေမေ….
မေမေ………….
တုနှိုင်းမရ မေမေ…………..

မေမေ မှတ်မိဦးမယ်ထင်ပါတယ် ဒီနေ့ကို….
ဒီနေ့ဟာ  မေမ့အပြုံးများနဲ့………..မေမေပျော်နေခဲ့တဲ့နေပေါ့…………….
ဒီနေ့ပေါ့ သားလူလောကကြီးထဲကို ရောက်ရှိခဲ့တဲ့နေ့ပေါ့…..
သားကို အပြုံးများစွာနဲ့ ကြိုဆိုခဲ့သူ………မေမေ…..
မေမေ့နားမှာ သားအခုမရှိပေမဲ့ ဝေးရပ်မြေမှသား ရှိခိုးကန်တော့လိုက်ပါတယ်……မေမေ

သား သတိရမိပါသေးတယ်……….သား ငယ်စဉ်ကနေ့ရက်အချို့ကိုပေါ့။
အဖေနဲ့သားတို့ကို အသားဟင်းတွေကျွေးပြီး…………အမေကြတော့ ထမင်းကြမ်းနဲ့ ငပိရေ တဲ့လား မေမေ…….
သားအဲဒီအချိန်တုံးက မသိခဲ့ပေမဲ့…………..သားအခု စိတ်မကောင်းစွာနဲ့ အမှတ်ရနေပါတယ် မေမေ……….

သားတို့ အတွက်  အ၀တ်အစား အသစ်တွေဝယ်ပေးခဲ့ပေမဲ့ ………..
မေမေကြတော့ အင်္ကျီနဲ့ ထမီ အဆုတ်တွေကို ပဲဝတ်ဆင်ခဲ့သူ………
သားတို့ဘ၀တွေအတွက်  လှေခါးထစ်သဖွယ် မေမေ………..

သား ဟင်းမကောင်းလို့ ထမင်းဇလုံကို လွင့်ပစ်ခဲ့တော့ မျက်နာငယ်လေးနဲ့ကြည့်နေခဲ့တဲ့ မေမေ……..
သားကို အပြစ်မဆိုခဲ့တဲ့ မေမေ………….
သားတောင်းပန်ပါတယ် သား မလိမ္မာခဲ့ဘူး…………..မေမေ အတွက်သားက လူမိုက်ပါ။
ဒါတွေကိုသားသတိရတိုင်း မေမေကို သားပိုပိုချစ်လေပါ။

အမေ့ရဲ့ စကားသံလေးကို သားကြားယောင်နေဆဲ့ပါ………” အမေတို့က ပညာမတက်တော့ သားတို့ကို ပညာတက်ကြီးဖြစ်စေချင်တယ်တဲ့ “
သား ကြိုးစားဆဲပါမေမေ……………..
သား အောင်မြင်မှုတွေရတဲ့တစ်နေ့ အထိရှိနေပေးပါ မေမေ……………

ဝေးတစ်မြေမှ သားဆုတောင်းပေးလိုက်ပါတယ်……………….
မေမေ ကျန်းမာပါစေ…………………………
မေမေ ပျော်ရွှင်ပါစေ…………………………
မေမေ…………………………………သားဘ၀ရဲ့ မေမေ

In: ကဗျာ Posted By: Date: Apr 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment