Professional Authors

ရေစက်ဟောင်း(genius)

ပေါ့ပျက်ပျက်လား..?
ရက်စက်မှုလား…..?
အတိတ်ကိုဆွဲမခေါ်
ပြန်လာဖို့အင်အား
ငါ  တကယ်မရှိတာပါ။

တစ်ဖတ်သတ်
အမြင်  အပြစ်
နိဂုံးချုပ်တာ
ငါ  မဟုတ်လို့
နင်ထားတဲ့တိုင်းနေခဲ့တာပါ။

အခုချိန်မှ
ခွင့်လွှတ်စေစကား
ထပ်ကာ ဆက်ကာ
မပြောပါနဲ့ ရေစက်ဟောင်း
နင်မရှိဘဲနေခဲ့ရတဲ့
နေ့စွဲဟောင်း
မလှပခဲ့ပေမဲ့
နင်မပါဘဲနေ့သစ်တိုင်း
လှမ်းဆက်လျှောက်ဖို့
အားတင်းထားခဲ့ရတာပါ။

အခုတော့လေ
(မင်းပြောခဲ့သလိုပေါ့)
နင်မရှိလည်း
ငါ ရှင်သန်နေနိုင်တာပဲလေ။

In: ကဗျာ Posted By: Date: Apr 4, 2013
Comment #1

ကဗျာ မတင်တာကြာလို့ ဗျာ … အိမ်ထောင်များကျသွားသလား ထင်နေမိ 😀
ခံစားနေဦးနေမယ်ခင်ဗျ

commentinfo By: အသဲကွဲမိုး at Apr 4, 2013
Comment #2

ရေစက်ဟောင်းဆိုတော့လည်း ဖြစ်ရခက်ပေမပေါ့

commentinfo By: မေပျို at Apr 4, 2013
Comment #3

ကဗျာလေးဖတ်သွားပါတယ် အစ်ကို
နှစ်သက်မိပါ၏

တစ်ဖတ်သတ်
အမြင် အပြစ်
နိဂုံးချုပ်တာ
ငါ မဟုတ်လို့
နင်ထားတဲ့တိုင်းနေခဲ့တာပါ။

commentinfo By: loafer at Apr 4, 2013
Comment #4

i like it … good.

commentinfo By: cynthia at Apr 5, 2013
Comment #5

ဒါမှပေါ့….
မမ မရှိလည်းရတယ် ဟုတ်တယ်ဟုတ် 🙂 🙂

commentinfo By: moezat at Apr 6, 2013
Comment #6

နင်မရှိလည်း
ငါ ရှင်သန်နေနိုင်တာပဲလေ။

commentinfo By: ကံ့ကော်မောင် at Apr 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment