Professional Authors

နေ့စဉ်မှတ်တမ်း

နေ့တစ်နေ့ရဲ့ အစမှာ ညတစ်ညကွယ်ပျောက်
ရေစီးကြောင်းတစ်ခုရဲ့ အဆုံးမှာ ဘာရှိမလဲ….
ပျက်စီးခြင်းလား…….ဖြစ်တည်ခြင်းလား..
ရေးကူးတတ်တဲ့ သဘောင်္တောင် မြုပ်သေးတာပဲ…..
အမြဲပျံသန်းချင်တဲ့စိတ်…..ကောင်းကင်နဲ့ မလွတ်ဘူး..။
ဖွယ်ဖွယ်ရာရာ တူးဆွမိတဲ့ ကျင်း..က
မသိခြင်း ဒိုင်ယာရီ ကို ခံတပ်လုပ်ထားတာ…လွမ်းဖို့ကောင်းနေတယ်။
အလိုက်မသိတဲ့ သူငယ်ချင်းအတုဟာ….ငါ
ညာသန်ကမ္ဘာထဲ….ဘယ်သန်လိုကောင်ဟာ….ငါ
ရယ်မောခြင်းမသိဘဲ..နင့်ကို ရယ်စေချင်တဲ့…ငါ
နေ့တစ်နေ့ရဲ့ အဆုံးမှာ..ဘာတွေဖြစ်မလဲ…မတွေးဘူး..။
ရေစီးကြောင်းထဲ ချာလည်ပတ်လည်..၀ဲမိတောင်
ဘ၀နှစ်ခုကို စာလုံးပေါင်းရင် နင်ရယ်ငါရယ်လို့ မစဉ်းစားဘူး..။
တကယ်ပဲ…ဆန္ဒတစ်ခုကိုမျိုချထားတယ်။
နင်နဲ့ အတူပျံသန်းဖို့ ကောင်ကင်နဲ့ မလွတ်ရင်တောင်မှ
ချောက်နက်နက်ကြီးထဲ.ခုန်ဆင်းကြတာပေါ့….
အချစ်ရေ…….
အချစ်ရေ…..
အဲ့ဒါနင့်အတွက် ငါပေးတဲ့ လက်ဆောင်……
ငါဆိုတာကိုသေချာထုပ်ပိုးပြီးတော့ပေါ့….။

In: ကဗျာ Posted By: Date: Apr 2, 2013
Comment #1

Woessssssss
A yann khike twar p kwar
🙂

commentinfo By: ei lay at Apr 2, 2013
Comment #2

န့တစ်နေ့ရဲ့ အစမှာ ညတစ်ညကွယ်ပျောက်
ရေစီးကြောင်းတစ်ခုရဲ့ အဆုံးမှာ ဘာရှိမလဲ….
ပျက်စီးခြင်းလား…….ဖြစ်တည်ခြင်းလား..
ရေးကူးတတ်တဲ့ သဘောင်္တောင် မြုပ်သေးတာပဲ…..
အမြဲပျံသန်းချင်တဲ့စိတ်…..ကောင်းကင်နဲ့ မလွတ်ဘူး..။

အမှန်ပဲ … ကောင်းကင်နှင့်မလွတ်တဲ့ပျံသန်းခြင်းကို လက်လျှော့လိုက်ခဲ့တယ်

commentinfo By: မေပျို at Apr 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment