Professional Authors

နှင်းတွေ (အောင်ချိမ့်)

ကျွန်တော်တို့ မြို့ရဲ့ အပေါ်မှာ
နှင်းတွေပိန်းပိတ်အောင်ပြာလို့
မွှေးရနံ့တစ်ခုသင်းပျံ့ကာ
အိမ်ပြတင်းပေါင်မှာ မိုးတိမ်နဲ့
တိတ်ဆိတ်ခဲ့တယ်။

သြော်….နှင်းတွေ
အဲဒီနှင်းတွေရဲ့ ဟိုဘက်မှာ
အရာရာဟာ ကျကျန်ခဲ့ပြီ။

လမ်းဓာတ်မီးတွေပိတ်ချိန်အထိ
ရပ်ပြီးနားထောင်နေမိတယ်။

ပြီးမှ ခါတိုင်းနေ့လိုပဲ
နေ့ထဲကို ၀င်ရောက်ပျောက်ကွယ်သွားပေါ့။ ။

In: ကဗျာ,အောင်ချိမ့် Posted By: Date: Apr 2, 2013
Comment #1

Thz for sharing knowledges

commentinfo By: ei lay at Apr 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment