Professional Authors

တဖက်သတ် အမုန်း

မာနကိုထီးဆောင်းပြီး နေခဲ့တဲ့ငါ
 ဒူးထောက်ဖို့မပြောနဲ့
 တောင်းပန်ရမှာတောင် သေမလောက်ကြောက်တယ်
 ဒါပေမယ့် ချစ်သူ
 မင်းရဲ့ရှေ့မှာ အကြိမ်ကြိမ် ဒူးထောက်
 အခါခါ တောင်းပန်နေတဲ့ ငါကို
 မနှစ်မြို့တဲ့ အကြည့်တွေနဲ့
 ခါးသက်သက် ပြန်ကြည့်ခဲ့ရင်တောင်
 မမှားခဲ့တဲ့ငါအတွက်
 မင်းပေးတဲ့ဆုလဒ်အနေနဲ့
 ငါကျေနပ်မိမှာပါ
 ရူးမတက်ချစ်ခဲ့မိတဲ့ ငါအတွက်
 နင်ကတော့ အကြည့်တစ်ချက်တောင်
 နှမြောနေခဲ့တယ်နော်
 ဘာပဲဖြစ်ဖြစ် ချစ်သူ
 ရက်စက်ချင်သလောက် ရက်စက်
 ငါ ဘယ်ဘ၀ရောက်ရောက်
 နင့်ရှေ့မှာ ဒူးထောက်ဖို့ ဆုံးဖြတ်ပြီးသားပါ…

In: ကဗျာ Posted By: Date: Mar 29, 2013
Comment #1

Yeahhhhh
Thz u so much.
Thz a lot.
He..he.

Hmat p lar kwa?
E lout g ko chit Dar.
🙂
Nout ba wa so tar Shi ke me do yin lae,,
D ba wa ka Shi ke de a kway tway par nint c ka a toe yaw a yinn yaw htet paung u ong hmar.
Khu ba wa hmar ma kyay ke yin pop
😛

commentinfo By: ei lay at Mar 29, 2013
Comment #2

အဲသလောက်ချစ်တတ်တဲ့ သူတွေကို ကျေးဇူးပြုပြီး
အကြည့်လေးတစ်ချက်လောက်တော့ မနနှမြောကြပါနဲ့ လား

commentinfo By: myintzaw at Mar 29, 2013
Comment #3

ဟုတ်တယ် .. မနှောမြောပါနှင့်လား

commentinfo By: မေပျို at Mar 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment