Professional Authors

* ငါ မဟုတ်ခဲ့တဲ့ ငါ*

 

နာကျင်မှုတွေထွေးကာပိုက်လို့

 

မရည်ရွယ်ပါဘဲ…. နင့်အနားမှာ

 

ငါခြေစုံရပ်နေမိတရ်….။

 

တစ်စထက် တစ်စ ပိုတိုးလာတဲ့

 

ကြင်နာခြင်းများ

 

ရေနစ်နေသူငါ့အတွက်တော့

 

နင်ဟာ ကောက်ရိုးတမျှင်လည်းဖြစ်ခဲ့တရ် ။

 

နားလည်ပေးပါ….ချစ်သူ

 

နားလည်ပါဆိုတာထက် ပို

 

ရိုးရိုးလေးပါဘဲ

 

ငါ ငြိကာ တွယ် ခဲ့တရ် ။

 

မရည်ရွယ်ပါဘူးပေါ့…..

 

အဲ့စကားလေးကိုဘဲ

 

ထပ်ခါ ထပ်ခါ ပြော

 

အခါခါ ရေရွတ်ရင်း

 

ဒီနွံထဲက နစ်မှန်းမသိနစ်အောင်

 

ငါ မိုက် မိုက် မဲ မဲ တိုး ဝင်ခဲ့တရ် ။

 

နင်ငါ့ကို ခွင့်လွှတ်ပါ ။

 

ယုံကြည်စွာမျှော်လင့်

 

နောက်ဆုံး အနေနဲ့ အနမ်းလေးတစ်ပွင့်အဖြစ်လည်း

 

ငါ ရူး ရူး မိုက် မိုက်

 

တောင်းတနေမိသေးတရ် ။

 

နင် နာကျင်တဲ့အခါ

 

ငါ ကျခဲ့ဖူးတဲ့

 

မျက်ရည်စက်တွေအကြောင်း

 

ငါ တခုတ်တရနဲ့ ပြောပြချင်သေးတရ် ။

 

နင် စိတ်လိုလက်ရ နားထောင်ပြီးတဲ့အခါ

 

ငါ့ကို မုန်းပါ ။

 

တောင်းတဲ့ဆုတွေတိုင်းသာ

 

ပြည့်ဝတတ်ခဲ့မရ်ဆိုရင်

 

ငါ့ရင်ခွင်ရဲ့

 

ဟိုးဝေးဝေးမှာ

 

နင်အမြဲ ကျန်းမာပျော်ရွှင်နိုင်ပါစေလို့

 

တောင်းဆုတွေ ခြွေချ

 

ကြယ်ကြွေ ညတွေကိုလည်း

 

ငါမျှော်ငေးနေတတ်ပြီ….ကောင်မလေးရေ ။

 

တကယ်တော့

 

ငါ ဆို တာ . . . . . . . . . . . . . . . ??

 

 

                                                    မာန်ခက်ဝင့်

                                                   25.03.2013

                                                    07:50 pm

In: ကဗျာ Posted By: Date: Mar 25, 2013
Comment #1

“Nin ngar ko mone par” so par lar?
Pyaw yet like Dar loh be pyaw ya ma lar?
Tat ti Shi like Dar loh be tat hmat ya dot ma lar?
Loak yet like Dar loh be htin ya ma lar?
🙁
Ma pyaw tat dot par bu lae.
Ei ko e lo pyaw khan ya yin dot tay loh ya de.

commentinfo By: ei lay at Mar 26, 2013
Comment #2

EI Layy အမုန်းကိုမှ ခုံမင်တဲ့သူရရ်လို့မရှိပါဘူးဗျာ

ဘရ်သူကရော ကိုယ်ချစ်တဲ့သူရဲ့အမုန်းဆိုတာကြီးကို ခံစားနိုင်ကြမှာလဲ

အဲ့လိုဘဲ ကျနော်လည်း မခံစားနိုင်ဘူးဗျ

ဒါပေမယ့်…… 🙂

commentinfo By: မာန်ခက်ဝင့် at Apr 6, 2013
Comment #3

kaung lite tar nar….

commentinfo By: cynthia at Apr 6, 2013
Comment #4

ကျေးဇူးပါဗျာ

commentinfo By: မာန်ခက်ဝင့် at Apr 7, 2013
Comment #5

ငါ ကျခဲ့ဖူးတဲ့

မျက်ရည်စက်တွေအကြောင်း

ငါ တခုတ်တရနဲ့ ပြောပြချင်သေးတရ် ။

commentinfo By: juejue at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment