Professional Authors

ကဗျာပေါ်သို့ ဖွင့်ဟအန်ချခြင်း (2)

အမေ့မျက်ရည်အတွက်နဲ့ 

ကျွန်တော့်ခံစားချက်တွေ

လဲလှယ်ခဲ့ပါတယ်…။

မှားမှန်းသိလည်း တချိန်ချိန်ေ၇ာက်မှ

ပြန်ဖြည်ပြမယ်ဆိုတဲ့စိတ်နဲ့ 

စူးနစ်ဝင်နေတဲ့

မရဏမီး ၊ ငရဲမီးလိုပူလောင်ပါတဲ့

မုသာဝါဒကို ယုယစွာငုံထားမိတယ်…။

အမှတ်တရမဟုတ်ပါဘူး သောကပါ

ကျွန်တော့်အတွက်နဲ့ အမေငိုခဲ့ဖူးတယ်

နောက်တစ်ကြိမ်မရှိတော့ဘူးလို့ 

ယုံကြည်ခဲ့တယ်…။

ဆင်ခြင်ခဲ့တယ်…။

ဒါပေမဲ့လည်း အမေရယ်

ကျွန်တော်ထပ်မှားခဲ့တယ်

အမှားအပေါ် မုသာဝါဒလောင်းကာ

မကျစေချင်တဲ့ အမေ့မျက်ရည်အတွက်

နှလုံးသားထဲမှာ ၊ ပါးစပ်ပေါက်ထဲမှာ

အင်္ဂတေကိုင်ခဲ့တယ် …

ဒုတိယံမိ ထပ်မငိုမိစေ၇န် …။

အလိမ်အညာတွေပိနေတဲ့ ကျွန်တော်

လိမ္မာချင်နေပြီ အမေရယ်…။

In: ကဗျာ Posted By: Date: Mar 22, 2013
Comment #1

I think u r on right way now! bro….

commentinfo By: မေပျို at Mar 23, 2013
Comment #2

ရရ fight fight

commentinfo By: bone lay htet lwint at Mar 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment