Professional Authors

ဒိုင်ယာရီ

ဒိုင်ယာရီပေါ်က နာမည်တစ်လုံး …
လွတ်ကျပေါက်ကွဲသွားတယ် …
ဒိုင်ယာရီစာမျက်နှာတွေကို စိုစွတ်စေခဲ့ပြီးတော့ …

နောက် တစ်လုံး …
တစ်လုံးပြီး တစ်လုံးပါပဲ …
ကဗျာတွေပေါ်က …
ဓားသွားဆန်စကားလုံးတွေပေါ်က …
မထင်မှတ်တဲ့အချိန်မှာ ဝုန်းဒိုင်းကြဲခုန်ချသွားကြတယ် …
………………………………
အထက်ပါ အဆိုကို …
ငြင်းဆန်အား ခပ်ပြင်းပြင်းနဲ့ …
နာမည်တစ်လုံးတော့ …
အခုထိ ငါ့ကျောပြင်တွေပေါ် တွယ်ကပ်ချိုသာနေတုန်းပဲ …
ပျားရည်အတိတ်တပိုင်းတစနဲ့ ဆိုပါတော့ …

ဆန့်ကျင်ဘက်များတဲ့ လောကကြီး …
ငါ့ကိုတော့ ကွက်ပြီး မျက်နှာသာ မပေးရဲပါဘူး …
အထက်ပါ အဆိုနဲ့ ဆန့်ကျင်ဘက် စကားလုံးတွေနဲ့ပေါ့လေ …
ဒုက္ခထက်ခါးတဲ့ တရားမှန်ကန်မှု …
ဖြောင့်မတ်မှု …
ဘက်မလိုက်မှု …
တို့ကြောင့် …
ချစ်တတ်သော …
ငါလည်း သူ့ဒိုင်ယာရီထဲက …
ဘယ်တော့ အငွေ့ပျံမလဲ …..
………………………
မသိဘူး …

ကဗျာတွေကိုပဲ …
ရင်ခွင်ထဲ ဖို့သိပ်ထည့်လိုက်တော့တယ် …
(ဤကဗျာခေါင်းစဉ်အား ရိုးရိုးလေးအမည်တပ်ပေးသော
facebook မှ မနွယ်နီကျော်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း)

In: ကဗျာ Posted By: Date: Jun 9, 2010
Comment #1

ခင်းဗျား ကဗျာ ဒီ မှာ အခိုးချခံရခြင်းအတွက် အရမ်း ၀မ်းနည်းမိပါတယ်။
ဖြစ်ချင်တော့ တစ်ရက်သာခြားပြီး ခိုးချ ခံရခြင်းက ပို ပြီး ဆိုးလှပါတယ်…။

မြန်မာပြည်မှာတင် သူခိုးပေါတာ မဟုတ်ဘူး…………..အွန်လိုင်းပေါ်မှာလည်း အနုပညာသူခိုးတွေရှိနေတာက
ဝမ်းနည်းစ၇ာပါ။

commentinfo By: အငွေ့ at Jun 10, 2010
Comment #2

sorry pr byar

ayan ko taung pan par tal har

bar ma htet pyaw sayar ma shi par bu byar

taung pan par tal byar

admin tawe ban yin lal lope like par byar

commentinfo By: myatnoe at Jun 11, 2010
Comment #3

ကိုမြတ်နိုးအနေနဲ့ ဒီလိုအမှားသိမယ် ဆိုရင် ခွင့်မလွှတ်နိုင်စရာ အကြောင်းမရှိပါဘူး ခင်ဗျ … ကိုမြတ်နိုး ကျွန်တော်ခွင့်လွှတ်ပါတယ် …နောက် တစ်ခါမမှားတော့ဘူးဆိုရင်ပေါ့လေ …နောက် ကိုမြတ်နိုးဘက်က အနုပညာကို ခိုးချတယ်ပဲဖြစ်ဖြစ် … ကျွန်တော့်နာမည်ထည့်ရမှာ မေ့သွားရင်ပဲဖြစ်ဖြစ် နောက်တစ်ခါ ကိုယ့်အမှားကိုယ်သိပြီး ဆင်ခြင်ပေးပါ …အဆင်ပြေမယ် ဆိုရင် ကိုမြတ်နိုးနဲ့ သူငယ်ချင်းဖြစ်ချင်ပါတယ် … ကျွန်တော့်ကို ကိုယ်အပြစ်ပြုမိထားတဲ့ လူတစ်ယောက်ဆိုပြီး သူငယ်ချင်းဖြစ်ဖို့ ဘာမှ မရှက်နဲ့နော် …ဖြစ်ခဲ့ပြီးသမျှ အတွက် ကျွန်တော်အရာအားလုံးကို ခဝါချလိုက်လို့ရတယ် …။ ကျွန်တော့်မေးလ်ကို လိုချင်တယ် ဆိုရင် ပြောပါ မေးလ်နဲ့ သူငယ်ချင်းဖြစ်ချင်တယ် လို့ ပြောချင်တာပါ…။ ကျွန်တော့်မေးလ်ကို ရမ်းရမ်းမရေးရဲလို့ပါ …အကောင်းဘက်ကတွေးရင် အားပေးမှုပေါ့ဗျာ … နော် ကိုမြတ်နိုး။ အားလုံးကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ …

commentinfo By: lianno at Jun 11, 2010
Comment #4

်ခွင့်လွှတ် tal so yin THANKS par byar

br ko ma tot htet ma shin chin tot par bu byar

ayan thanks tin par tal

take care

be happy !!!!!!

commentinfo By: myatnoe at Jun 12, 2010
Comment #5

ဒီလို အေးအေးချမ်းချမ်းဖြစ်သွားတော့လည်း…..ကောင်းပါတယ်..ဗျာ…
ကဗျာချစ်သူတွေပဲဗျာ….။

commentinfo By: အငွေ့ at Jun 13, 2010
Comment #6

ခိုးခိုးကူးကူးပါ..ဘာလုပ်လုပ်ပါ..တစ်နေရာမှာရှိတဲ့ကဗျာကိုတစ်နေရာကိုပို့ ပေးတာဝမ်းသာပါတယ်
ခင်ဗျားကတော့ကဗျာကုန်သည်ပါပဲ..မူရင်းရေးသူကိုဖော်ပြပေးတာကုန်သည်ကောင်းတစ်ယောက်
စိတ်ဓာတ်ပါပဲ..ကျေးဇူး..ဖတ်ကောင်းတယ်..ဒါပေမယ့်..စကားလုံးတွေပြွတ်သိပ်လွန်းအားကြီးတယ်..

commentinfo By: E-than at Jan 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment