Professional Authors

ကျွန်တော်နှင့်အချစ်

ဘယ်က ဘယ်လိုစပြောရမလဲ ဗေဒင်ဆရာရယ်
ကျွန်တော့်နှလုံးသားလမ်းကြောင်းပေါ်က
ကံကြမ္မာညံတွေကိုဖယ်ရှားပစ်ဖို့ 
အဘယ်ယတြာချေလိုသလဲ
မစပါဦးကွယ်…။

မချစ်တတ် ချစ်တတ်နဲ့  အတတ်ဆန်းမိပါတယ်
သူလည်းအင်းမလုပ် အဲမလုပ်
ကျွန်တော်လည်းအင်းမလုပ် အဲမလုပ်
အချစ်ကိစ္စကို ဘယ်လိုရှင်းထုတ်ကြမလဲ
ရှိပါစေတော့ကွယ်
အချိန်ကုန် တစ်ယောက်လွဲ
အတွေ့ အကြုံမရှိတော့ ကျွန်တော့် အ သဲ ကွဲ …။

မတတ်နိုင်ဘူး ချစ်ဦးမှာပဲ
မတတ်နိုင်ဘူး ကြိုးစားရဦးမှာပဲ
ဒီတစ်ခါတော့ ဟုတ်မလိုလိုနဲ့ 
အရုပ်ဖြစ်သွားခဲ့တယ်
သူညာဆိုညာ သူဘယ်ဆိုဘယ်
သူအရှေ့ ဆိုအရှေ့  သူအနောက်ဆိုအနောက်
သူမအလိုတော်ကျ ဖျော်ဖြေနေရ
အဲ့ … Wirelss(ကြိုးမဲ့) လည်းတွေ့ ရော
နေရစ်ခဲ့တော့ စက်ရုပ်ရယ်…
ရှိပါစေ မမရယ်
ခေတ်မမှီသေးတော့  အ…သဲ….ကွဲ ပေါ့

ကျွန်တော့်စိတ်ကလည်း MPT လိုပဲနှေးတယ်
နောက်တစ်ယောက်မတွေ့ နိုင်သေးသ၍တော့
တမြေ့မြေ့နဲ့  ပုလင်းထောင်
အရက်ကောင်ကြီးပေါ့ဗျာ
တစ်မျိုးမထင်ပါနဲ့ 
အသည်းကောင်ကြီး လောင်နေတော့
အရက်နဲ့ လောင်းရတာပါ…။

ဒီလိုနဲ့ ပဲ…
အိမ်တွင်းအောင်းရင်းနဲ့ ပဲ…
In the street က
Queen of the beauty လေးကို
ရည်ငံမိသေးတယ်
အခက်အခဲတွေရှိတိုင်း
ကျော်လွှားမယ်ဆိုတဲ့ (အချစ်)စိတ်နဲ့ 
စစ်ဆင်ရေးတွေလုပ်တယ်
သူမနာမည် မသိသေး
သူမဘာတတ် ပိုဆိုး
သူမနေတာ မျက်စောင်းထိုးမှာ
သူမအလှ ဘုရင်မပါ
ဗေဒင်ဆရာရယ် မ စ ပါ
ကံကြမ္မာဆိုးတွေ ပ ပျောက် ပါ
သူ မ အ နား ရောက် ခွင့်  ပေး ပါ…။

In: ကဗျာ Posted By: Date: Mar 19, 2013
Comment #1

loafer ka dot loak cha like pyan p
really nice par shin

commentinfo By: ei lay at Mar 19, 2013
Comment #2

kay zuu par Ma Ei Lay 😀

commentinfo By: loafer at Mar 19, 2013
Comment #3

lat choe yae loh ya tay de pop
chay chaung laee tway yaw hte paung ya ma lar?
😛

commentinfo By: ei lay at Mar 19, 2013
Comment #4

dar taung nge nge tone ka akyaung twe m par tay woo naw hin hin 😀

commentinfo By: loafer at Mar 19, 2013
Comment #5

ha.ha
hote lar.
😛
a yann sun ke tar pop naw.
kaung par de. kaung par de.

commentinfo By: ei lay at Mar 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment