Professional Authors

ဧည့်သည်

ဖိတ်စရာ မလိုတဲ့
သတိရခြင်း တွေ
ရောက်ရောက်လာတော့ လဲ
မနှင်ရက် ခဲ့ဘူး ..

အုံ့မှိုင်းခြင်း အလျင်းမရှိဘဲ
ရုတ်တရက်
မိုး တွေ ရွာချလိုက်ပါရော …

ရွှဲစို သွားတဲ့ ရင်တခုလုံးအတွက်
လက်ဆောင်အဖြစ်
အပြုံးလေး တပွင့်တောင်
ချန်မထားခဲ့ဘူး ..

ရက်စက် သွားတာကို
ရက် စက် တယ် လို့
မပြောရက်အောင်
ကိုယ် .. လွမ်း .. သွား ပြန်ပါရောကွယ် !

လွမ်းလှိုင်း

11:35 (Wed)
16.1.13

In: ကဗျာ Posted By: Date: Mar 18, 2013
Comment #1

wow
ltnc.
how r u lwan?
ur poem r nice like before.
🙂
i like both title & poem.

commentinfo By: ei lay at Mar 18, 2013
Comment #2

i am ok sis . i am lit busy so.
thanks for ur encourage n remembrance forever 🙂

commentinfo By: lwanhlainge at Mar 18, 2013
Comment #3

အရမ်းကောင်းမွန်ပါတယ်ဗျာ…

commentinfo By: werewolf at Mar 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment