Professional Authors

ကိုယ်ရေး အထုပ္ပတ္တိ အကျဉ်း (မိုဃ်းဇော်)

 

ဗီယက်နမ်ကဗျာဆရာတစ်ယောက်လို ငါနေထိုင်
ဂျမေကာကျွန်းသားတစ်ယောက်လို ငါခံစား
အာဖရိကန်မုဆိုးမတစ်ယောက်လို ငါအိပ်စက်
ကိုလံဘီယာ အလုပ်သမားတစ်ယောက်လို ငါရှုမျှော်ေ
သြာ်…
ငါ တပ်မက်တဲ့ ကမ္ဘာကြီး။

ငါးမန်းဟာ
ဆားငန်ရေနဲ့ အသားတုံးငတ်သလို
ငါလည်း အချစ်နဲ့ အသစ်ကို ငတ်မွတ်မိ
နွေဦး (၄၀) ရှိခဲ့ပါပြီ။

နွေဦး (၄၀) ရုပ်ရှင်မှာ
ဗီလိန်လည်းလုပ်ခဲ့ရ
ဇာတ်လိုက်လည်းဖြစ်ခဲ့ရေ
ထာင်ချောက်လည်းနင်းခဲ့ရ
ပိုက်ကွန်လည်းချခဲ့ရ
ပျားရည်လည်းလျက်ခဲ့ရ
ဆေးခါးကြီးလည်းသောာက်ခဲ့ရ
နတ်ပြည်လည်းတက်ခဲ့ရ
ငရဲပြည်လည်းကျခဲ့ရေ
သနတ်ပစ်ခန်းလည်း ကြုံခဲ့ရ

သခင်ကိုယ်တော်မှိုင်းနဲ့ အိုင်းစတိုင်းကို ကြိုက်ခဲ့တာ
ကက်သရင်းဇီတာဂျုံးနဲ့ မော်စီတုန်းကို ကြိုက်ခဲ့တာ
ရော့ခ် သီချင်းနဲ့ အရက်ပြင်းကို ကြိုက်ခဲ့တာ
ပြင်သစ်ကော်ဖီနဲ့ ဂျင်းဘောင်းဘီကို ကြိုက်ခဲ့တာ
မုန့်ဟင်းခါးနဲ့ မက်ဒေါနားကို ကြိုက်ခဲ့တာ
နေကာမျက်မှန်နဲ့ ခြံထွက်သီးနှံကို ကြိုက်ခဲ့တာ
မဟတ္တမဂန္ဒီနဲ့ မိုဒီကလျာနီကို ကြိုက်ခဲ့တာ
မြို့မငြိမ်းနဲ့ ကတ်ကိုဘိန်းကို ကြိုက်ခဲ့တာ
ငါးသလောက်နဲ့ မမနုကို ကြိုက်ခဲ့တာ
ငါဟာ တကယ့်ကို ပုထုဇဉ်ပဲ။    ။

 

မိုဃ်းဇော်

(ရုပ်ရှင်တေးကဗျာ)

 

Comment #1

🙂

commentinfo By: ei lay at Mar 16, 2013
Comment #2

ဒိုင်တွေလှတယ်…….စကားလုံးတွေလှတယ်….သို့သော် ယုံကြည်မှူ့တွေ ကိုယ်တိုင် ယုံကြည်မှူ့ တွေပျောက်နေလို့

commentinfo By: nate thit at Mar 16, 2013
Comment #3

အားလုံး ပြည့်ပြည့်၀၀ပြီးဆုံးသွားတဲ့ ကောင်းကင်ကြီးအောက်
ဆာလောင်နေတဲ့မျက်လုံးတွေကို မြင်ရတာလောက်
ဝမ်းနည်းစရာ မရှိဘူး ။
အဲဒီ မျက်လုံးတွေဟာ ကြယ်ကလေးတွေလိုပဲ
အကြေကွဲဆုံးစကားတွေနဲ့ တလက်လက်တောက်ပနေတတ်လို့။

commentinfo By: bone lay htet lwint at Mar 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment