Professional Authors

( ေ Nြ း )2

ရွှေနန်းမြင့်က သခင်မလေး  နွေးရေ
မျက်နှာလေးတွေ့ ဖို့ 
ကျွန်တော်ဝရန်တာကနေ မျှော်ကာငေးနေပါတယ်…။

အိနြေ္ဒရှင်မလေး  နွေးရေ
ငါကြည့်မိလိုက်တဲ့ မင်းခြေလှမ်းတိုင်းဟာ
ဘုရင်မတစ်ပါးလိုလှပနေပါတယ်…။

စိတ်ကူးယဉ်သခင်မလေး  နွေးရေ
ငါ့စိတ်ကူးတွေထဲမှာ မင်းပျော်ရွှင်နေတာလေးငေးပြီး
ငါ  ပန်းတွေ ၊ အနမ်းတွေလက်ဆောင်ပေးချင်လိုက်တာ…။

လက်တွေ့ ဘ၀က ငါ့ဦးရစ်သခင်မ  နွေးရေ
မင်းအလှကိုငါရင်မဆိုင်ရဲလို့ 
လမ်းမှာတွေ့ ရင်တောင် ခေါင်းငုံလို့ သွားခဲ့ရတယ်
အဝေးချောင် ၊ တံခါးဘောင်တစ်နေရာကပဲ
ငေးနေပါရစေ…။

In: ကဗျာ Posted By: Date: Mar 15, 2013
Comment #1

why.

commentinfo By: ei lay at Mar 15, 2013
Comment #2

Why နဲ့မေးတော့ Because နဲ့ ဖြေရမှာပေါ့နော်…
ဘာဖြစ်လို့ လဲဆိုတော့ ချစ်တယ်ဆိုတာကိုပေးဆပ်ခြင်းတို့ ရယူခြင်းတို့ လို့ မသတ်မှတ်ချင်တော့လို့ ပါ
ချစ်ရင်ချစ်တယ် ဘယ်သူမှမသိဘူးရင်ထဲမှာပဲသိမ်းထားတော့မယ် ဖွင့်ပြောတိုင်းကောင်းတာမဟုတ်ဘူးဆိုတာ
ကိုလက်တွေ့ ခံစားဖူးပြီးပြီ စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးသလိုပါပဲ အရမ်းပြောချင်တဲ့စကားတစ်ခွန်းကို
မပြောပဲမျိုသိပ်ထားခြင်းဟာလည်း Feel တစ်မျိုးပါပဲတဲ့ 😀 (တကယ်ပြောတာနော်)

commentinfo By: loafer at Mar 16, 2013
Comment #3

🙂

commentinfo By: ei lay at Mar 16, 2013
Comment #4

နွေးတဲ့လား…..နွေးမနွေးတော့မသိဘူး….ကဗျာဖတ်ပြီး ရင်ဘက်ကြီးကတော့ ဆွေးသွားရတယ်….

commentinfo By: bone lay htet lwint at Mar 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment