Professional Authors

ကျွန်တော်……မဟာလူသား

မဟာလူသားတစ်ယောက်ဖြစ်တယ်
ခွေးတစ်ကောင်လောက်
သစ္စာမရှိတာကလွဲရင်ပေါ့……။

မဟာလူသားတစ်ယောက်ဖြစ်တယ်
မြင်းတစ်ကောင်လောက်
မလျှင်မြန်တာကလွဲရင်ပေါ့….။

မဟာလူသားတစ်ယောက်ဖြစ်တယ်
ပုရွက်ဆိတ်တစ်ကောင်လောက်
ဝီရိယမကောင်းတာကလွဲရင်ပေါ့…...။

မဟာလူသားတစ်ယောက်ဖြစ်တယ်
ခြင်္သေ့တစ်ကောင်လောက်
မရဲရင့်တာကလွဲရင်ပေါ့…..။

မဟာလူသားတစ်ယောက်ဖြစ်တယ်
သိုးတစ်ကောင်လောက်
အပြစ်မကင်းတာကလွဲရင်ပေါ့….။

မဟာလူသားတစ်ယောက်ဖြစ်တယ်
ဆင်တစ်ကောင်လောက်
အင်အားမကြီးတာကလွဲရင်ပေါ့…..။

မဟာလူသားတစ်ယောက်ဖြစ်တယ်
ဖျံတစ်ကောင်လောက်
ရေကူးမကျွမ်းကျင်တာကလွဲရင်ပေါ့.…..။

မဟာလူသားတစ်ယောက်ဖြစ်တယ်
ကြောင်တစ်ကောင်လောက်
မပေါ့ပါးတာကလွဲရင်ပေါ့…..။

မဟာလူသားတစ်ယောက်ဖြစ်တယ်
ကြွက်တစ်ကောင်လောက်
အနံ့ခံမကောင်းတာကလွဲရင်ပေါ့….…။

မဟာလူသားတစ်ယောက်ဖြစ်တယ်
စွန်တစ်ကောင်လောက်
အမြင်မစူးရှတာကလွဲရင်ပေါ့…..။

မဟာလူသားတစ်ယောက်ဖြစ်တယ်
လိုအပ်ချက်တွေကိုမေ့ထားလိုက်ရင်ပေါ့……….။ ။

In: ကဗျာ Posted By: Date: Mar 11, 2013
Comment #1

mike de
mike de
🙂

commentinfo By: ei lay at Mar 11, 2013
Comment #2

ကျေးဇူးတင်ပါတယ်ဗျ…

commentinfo By: werewolf at Mar 13, 2013
Comment #3

မဟာလူသား…ကို အားပေးသွားပါတယ်ခင်ဗျ။

commentinfo By: နိုးဆက် at Mar 14, 2013
Comment #4

ဟုတ်ကဲ့ပါ…

commentinfo By: werewolf at Mar 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment