Professional Authors

PoemsCorner Authors

မငိုပါနဲ့ ကချင်ပြည်နယ်

ကချင်ပြည်နယ်ကြီး လင်းပြီလား။
ကိုယ့်ဆီက ကျွတ်ကျကျန်ရစ်ခဲ့တဲ့ 
မျက်ကြည်လွှာအလင်းဟာ လုံလောက်ရဲ့လား။
ကချင်ပြည်နယ်ကြီး ကျန်းမာရေးအတွက်ဆို 
ကိုယ့်ခြေထောက်ကလေးလည်း ပေးလိုက်ချင်သေးတာ။
မျက်လုံးမရှိတော့ ငိုလို့ရသေးလား ဒေါက်တာ။
ကျွန်တော့်ပတ်ဝန်းကျင်က ငိုသံတွေတော့ ကျွန်တော်ကြားနေရတယ်။
ကျွန်တော့်ပတ်ဝန်းကျင်က ငိုသံတွေဟာ ကျွန်တော့်ကိုအခြေခံလာတာဖြစ်ရမယ်။
ကချင်ပြည်နယ်ကြီးကောငိုနေသေးလား ဒေါက်တာ။
ကျွန်တော်ပေးလိုက်တဲ့မျက်လုံးနဲ့ဆို
သူလည်း ငိုရင် ငိုနေမှာ။
ငယ်ငယ်ကကျောင်းအပြန် စာအုပ်ပါမလာရင်
မေမေဆူတယ်။
ငယ်ငယ်ကကျောင်းအပြန် ခဲတံပျောက်လာရင်
မေမေဆူတယ်။
ငယ်ငယ်ကကျောင်းအပြန် ခဲဖျက်ပျောက်လာရင်
မေမေဆူတယ်။
ခုအိမ်အပြန် မျက်လုံးပျောက်လာတဲ့အခါ
မေမေဆူမလား။
သားမျက်လုံးနဲ့ ကချင်ပြည်နယ်ကြီး ကျန်းမာလာတော့မှာ။
တကယ်ပါ…
ကျွန်တော်မမြင်ရတဲ့ ကချင်ပြည်နယ်ကအလင်း
လူသားအားလုံးမြင်လာနိုင်ကြတော့မှာ မေမေ။
နေပိုင်
၁၈ ဖေဖော်ဝါရီ ၂ဝ၁၃
(ကိုရဲဝင်းနောင် မျက်စိအလင်းပြန်ရနိုင်ပါစေ)
In: ကဗျာ Posted By: Date: Mar 11, 2013
Comment #1

ta lae a sarr phat shu r pay twar par de

commentinfo By: ei lay at Mar 11, 2013
Comment #2

တကယ်ပါ…

ကျွန်တော်မမြင်ရတဲ့ ကချင်ပြည်နယ်ကအလင်း

လူသားအားလုံးမြင်လာနိုင်ကြတော့မှာ မေမေ။

commentinfo By: loafer at Mar 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment