Professional Authors

ညီအစ်ကိုမောင်နှမများ (ကြည်မောင်သန်း)

ဂျပန် မှာ ပန်းကန်ဆေးဆေး
မလေးရှားမှာ ကားရေဆေးဆေး
မန္တလေးမှာ ကဗျာပဲရေးရေး
စင်ကာပူမှာ ကျောင်းပဲတက်တက်
ကိုယ့်သွေး အမျိုးအစား ကိုယ်သိတတ်ရမယ်။
လက်ဖက်ရည်ပဲရောင်းရောင်း
ကွမ်းယာပဲရောင်းရောင်း
ဘီယာပဲရောင်းရောင်း
အင်တာနက်ထဲမှာပဲ Chatting တက်တက်
ငါတို့ ဦးခေါင်းကို ထောင်မတ်ပေးတဲ့
ကျောရိုးကို ကျေးဇူးတင်တတ်ရမယ်။
လူတွေက
စစ်ပွဲတွေ အကြောင်းပြောကြ။
(ကိုယ့်စိတ်ထဲမှာ စစ်ဖြစ်နေတာကို မသိကြဘူး။)
လူတွေက
ဖုန်းတွေ အကြောင်းပြောကြ။
(ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆက်သွယ်လို့မရတာကို မသိကြဘူး။)
လူတွေက
ကားတွေအကြောင်းပြောကြ။
(ကိုယ့်ဘဝ က ဘယ်လမ်းက သွားနေမှန်းမသိကြဘူး။)
လူတွေက
အချစ်အကြောင်းပြောကြ။
(ကိုယ့်အိမ်မှာ ဆန်မရှိတာ မသိကြဘူး။)
လူတွေက
ဟိုအကြောင်း ဒီအကြောင်းပြောကြ။
(ကိုယ့်အကြောင်း ကိုယ်ကျ မသိကြဘူး။)
လူတွေက
လူတွေကို မေ့နေတဲ့ ကာလမှာ
တရားနဲ့ လည်း မဖြေနိုင်
အမှားနဲ့ လည်း မသေနိုင်ဘူး။
ငါတို့ မင်းတို့က
ငှက်တော့ ငှက်ပဲ
ဒါပေမယ့်…
ပင်ဂွင်းငှက်
လေမှာ မပျံတတ်ပေမယ့်
ရေဆန်မှာတော့ ကူးခတ်တတ်ရမယ်။

ကြည်မောင်သန်း

Comment #1

အတွေးကောင်း၊ အရေးလည်းကောင်းတဲ့ ကဗျာလေးမို့ နှစ်သက်ခံစားမိပါသည်။ သတိမမှု ဂူမမြင်ဆိုသလို အရာရာကို သတိပြုဆင်ခြင်နိုင်အောင် အသိပေး ကဗျာလေးတစ်ပုဒ်မို့ ကဗျာရေးသားသူအား ကျေးဇူးအထူးတင်ရှိပါသည်။ ကဗျာဖတ်နေရင်း မိမိရဲ့မိသားစုဘ၀၊ မိမိရဲ့ရှေ့တိုးတက်ရေး၊ မိမိရဲ့အနာဂတ်ကို ကြိုးစားအားပေးလှုံ့ဆော်ပေးသော ကဗျာလေးတစ်ပုဒ်ဖြစ်ပါကြောင်း

ဘုန်းပြည့်သျှင်
( ၀၉ ၊ ဇွန်လ ၊ ၂၀၁၀ )

commentinfo By: natthameelay.natthalay at Jun 9, 2010
Comment #2

Dear ဇေယျာဖြိုး ,

This is a poem of ဆရာ ကြည်မောင်သန်း . We stated clearly in Terms of Service that you cannot claim someone’s masterpiece as yours. This is the first and last warning, if we found out next time, you will be banned permanently to access poemscorner.

commentinfo By: admin at Jun 9, 2010
Comment #3

တကယ်ကို ထိထိမိမိ ရှိတဲ့ ကဗျာလေးပါပဲရှင်..
ပြန်လည် မျှဝေခွင့်ပြုပါရှင်..
ကျေးဇူးတင်လျှက်ပါ….

commentinfo By: မှုံရွှေရည် at Sep 7, 2011
Comment #4

အကောင်းဆုံးကဗျာပါ

commentinfo By: ချစ်မိုးဦး at Nov 24, 2011
Comment #5

နှစ်သက်မိပါတယ်
လေမှာမပျံတတ်ပေမယ့်  ရေဆန်မှာ ကူးခတ်တတ်ရမယ် တဲ့ …
လူတယောက်အတွက် မစွမ်းနိုင်တဲ့ နေရာ… မတတ်သိတဲ့ ပညာ ဆိုတာ ရှိသလို သူများထက် သာတာ.. ဒါမှမဟုတ် အနည်းဆုံးတော့ လူ့ လောကအတွက် မိသားစုအတွက် အသုံးတည့် တဲ့ နေရာ တခုမဟုတ် တခု ၇ှိကိုရှိရမယ်.. စိတ်ဓါတ်အင်အားရှိအောင် ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ ကိုယ့် အကြောင်း ကိုယ့် စိတ်ကို သေခြာသိဖို့ လိုတယ် ဆိုတာ မီးမောင်းထိုးပြထားသလို ခံစားရပါတယ်

commentinfo By: NC at Nov 24, 2011
Comment #6

ကောင်းလိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Feb 22, 2012
Comment #7

really nice

commentinfo By: ei lay at Feb 22, 2012
Comment #8

Thanks. Good to read such collection of nice poems.

commentinfo By: Khin maw at May 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment