Professional Authors

ငေးငိုင်ခြင်း အနုပညာ

ဇန်န၀ါရီ ၂ ရက်နေ့…
ငါ့ရင်ထဲမှာ က…..”နွေ”
ရာသီဥတု က….”ဆောင်း”

ဒါပေမယ့်…
အပြင်ကမ္ဘာမှာ…
ထီးဆောင်းနေရတဲ့ ညတစ်ည…

ရုပ်မြင်သံကြားက သတင်းထုန်ပြန်ချက်..
မုန်တိုင်းရှိ သတဲ့…
ဘင်္ဂလားပင်လယ်ထဲက မုန်တိုင်းလား..
ငါ့ရင်ထဲက မုန်တိုင်းလား…
ဘာကိုဆိုလိုချင်မှန်း မသိ…

ငါကတော့..
ဆရာဝန်လို့ခေါ်တဲ့ ဆေးပညာသမားတွေ..
မင်းနဲ့ မတည့်ဝူးနော် ဆိုတဲ့..
စီးကရက်က တစ်ဖက်..
ကြိုက်တတ်လည်း
နည်းနည်းလျှော့သောက်ပေါ့ကွာ ဆိုတဲ့.
ကော်ဖီခွက် ကတစ်ဖက်နဲ့..
မီးခိုးငွေ့တွေကြားက..
မိုးစက် မိုးပေါက်တွေကြည့်ရင်းးးး…
ငါ့ဘ၀ရဲ့ အလီကို..
ခုချိန်ထိ…
ငါကိုယ်တိုင်.
ကျက်မှတ်နေရတုန်းဘဲ…

(မောင် အတီး)

In: ကဗျာ Posted By: Date: Mar 7, 2013
Comment #1

🙂

commentinfo By: ei lay at Mar 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment