Professional Authors

ရောဂါ

ငါ…မလိုချင်ခဲ့တဲ့……..အတိတ်ဆိုးတချို့ထဲကနေ..
ဘယ်လိုခွန်အားနဲ့….ရုန်းထွက်ရမလဲ…။

ငါ့ကို…ပြုံးတတ်အောင်..ပြန်သင်ပေးစမ်းပါ..။
ငါ့ကို…စကားတွေဖောင်ဖွဲ့တတ်တဲ့သူ..ဖြစ်အောင်..ပြန်လုပ်ပေးစမ်းပါ..။
ကိုယ့်ဘ၀ကိုယ်ကျေနပ်နေတဲ့သူဖြစ်အောင်….ပြန်လုပ်ပေးစမ်းပါ…။

မင်းပြောတဲ့စကားတွေကို….အမြဲယုံပေးနေတတ်တဲ့သူ..ဖြစ်အောင်လုပ်ပေးစမ်းပါ..။

ငါမယုံနိုင်တဲ့စကားတွေကို…ဒီ့ထက်ပိုပြီး..ငါ့ထဲမှာထပ်ထည့်ထားနိုင်စွမ်းမရှိတော့လို့ပါ…။

နေ့စဉ်ခြောက်လှန့်နေတဲ့….စကားလုံးတွေကြားထဲမှာ…
လူးလိမ့်လှိမ့်လိုက်….တက်လိုက်ကျလိုက်ဖြစ်နေတဲ့…စိတ်ဓါတ်ကို..
ဘယ်လို..အမိအရ..ဖမ်းဆွဲထားရပါ့မလဲ………..။

သူက….အ၀ီစိအထိဆင်းဖို့ကျင့်ကြံနေသည်…ဆိုတော့လေ
ရောဂါပဲ…ချစ်သူရယ်..။

In: ကဗျာ Posted By: Date: Mar 7, 2013
Comment #1

🙂

commentinfo By: ei lay at Mar 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment