Professional Authors

အို…အနုပညာ

ကိုငှက်ရေ
ခင်ဗျားက မ“က” တတ်တော့
အိန်အိန်းက “က”နေပြီ
သီချင်းဆိုတာ “က”တတ်ရတယ်ဗျ။

စန္ဒယား တီးနေရင်း
မှက်လုံးလေး လှန်ကြည့်ပြီး
ဗြုန်းဆို ထိုးချလိုက်တဲ့ ဗိုလ်အောင်ဒင်
တကယ်ဆို စကားလေးဘာလေး ပြောပါ့လား
နေတိုးတို့လို အထုတ်ပြေးဆွဲပါ့လား
အကယ်ဒမီနဲ့ ထိုက်တန်အောင် စကားကြောရှည်ပါ့လား
ပြောနေရတယ်။

“ဘယ်သူပြိုင်လို့ လှပါတော့နိုင်”
ပေါ်လစီကားဆိုလည်း ပေါ်လစီပီသပါစေ ဘဘဦးသုခ
ကျုပ်တို့ကို မျက်ရည်ကျအောင်မလုပ်နဲ့
စင်ရော်ကြီးဆီ လာသင်ပါဗျာ။

ရွှေဒင်္ဂါး ဆုချတာတောင်
ခြေအိတ်ချွတ်မကရဲတဲ့ ဒေါ်မြရင်
ဒီတစ်သက် မော်ဒယ်မလုပ်နဲ့တော့
ရွှေစင်တို့လို မာစီဒီး မစီးနဲ့တော့
ဘန်ကောက်ကိုရှော့ပင် မထွက်နဲ့တော့
ကိုယ် “အ”ရင် ကိုယ်ခံ။

ရှေ့လူတွေ ကိုးရိုးကားယားကြောင့်
အနုပညာနာတယ်ဗျာ
ဒီကလူတွေလာရင်
ခင်ဗျားတို့ သင်ယူဖို့ရာ
တမလွန်မှာစောင့်နေပါ။

(ဟိန်း၏ နာမည်ကျော် ဗိုလ်ချုပ်ကဗျာနှင့် လေယူလေသိမ်းသွားတူနေပါသည်။ Theme ချင်း မတူ၍ တင်ပေးလိုက်ပါသည်ခင်ဗျား။)

In: ကဗျာ Posted By: Date: Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment