Professional Authors

နင်နဲ့ပတ်သက်ပြီး..နောက်တစ်ခါအံ့သြချင်လို့ပါ

သိပ်ရက်စက်တယ်လို့……ပြောထွက်အောင်..မနည်းကြိုးစားခဲ့ရတယ်…။
မင်းကို…နှုတ်ဖျားက..မုန်းလိုက်တိုင်း..ရင်ထဲမှာ…အကြိမ်ကြိမ်အခါခါ…ကျရှုံးပြန်တယ်…။

ငါ့ရဲ့ယုံကြည်ချက်တွေကို….နင်က..တစ်စစီခွာချတယ်။ သေလောက်အောင်နာကျင်ရင်း
နင့်အတွက်…ငါ…တဖန်..ပြန်မွေးဖွားလာတယ်….။

အချစ်….ဆိုတဲ့အရာဟာ..သိပ်အံ့သြဖို့ကောင်းပါလားလို့…ငါမပြောတော့ပါဘူး…။
ဘာလို့လဲဆိုတော့…နင်က…အချစ်ထက်ပိုပြီး…အံ့သြစရာတွေကို….လုပ်ပြနိုင်ခဲ့တယ်လေ…။

ငါ့ကို….ချန်ထားရစ်နိုင်ခဲ့တာ…ငါသိပ်အံ့သြပါတယ်…။
ငါ့ကို…မေ့ထားပစ်နိုင်ခဲ့တာ...သိပ်အံ့သြတယ်…။

ငါ့ကို…ထာဝရပစ်ခွာပြေးဖို့…ကြိုးစားရက်တာ..ငါသိပ်အံ့သြတယ်...။
ဒါပေမယ့်….
ဘယ်လိုပဲကြိုးစားကြိုးစား…ငါ့ကို…မမေ့နိုင်ဘူး..ဆိုတာကို..ငါအံ့သြချင်တယ်…။

ငါ့ကို…အံ့သြခွင့်ပေးပါလား..ဟာ…။
ငါ…Surprise မဖြစ်တာ…ကြာပြီမို့လို့ပါ…။

In: ကဗျာ Posted By: Date: Mar 5, 2013
Comment #1

surprise

commentinfo By: ei lay at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment