Professional Authors

တစ်နေ့သောအခါ….

မျက်ရည်လွယ်တယ်လို့
မပြောပါနဲ့ဟာ
နင်နဲ့သာ ဝေးရမယ်ဆိုရင်
တွေးမိတာနဲ့တင် ဝမ်းနဲမှုတွေ
မြစ်ဖျားခံလာလို့ပါ

အစွဲလန်းကြီးတယ်လို့
မဆိုပါနဲ့ဟာ
ငါနင့်ကို စချစ်ကထဲက
မေ့ပစ်ဖို့မှ မဟုတ်တာကို

မဖြစ်နိုင်ဘူးလို့
ဘယ်တော့မှ မထင်ပါနဲ့ဟာ
အချစ်ဆိုတဲ့ ဆန္ဒတစ်ခု ရှိနေရုံနဲ့
နင်နဲ့ငါ့ကြား
မိုင်ပေါင်း ကုဋေဝေးနေအုံးတော့
ဆုံဆည်းခွင့်ဆိုတာ
လက်တကမ်းမှာ…ရှိနေမှာပါ
ချစ်တဲ့သူ……..

In: ကဗျာ Posted By: Date: Mar 1, 2013
Comment #1

ဟီးဟီး
ပျော်လိုက်တာ
ကွက်တိပဲကွာ
ကျေးဇူးအများကြီးတင်ပါတယ်

commentinfo By: ei lay at Mar 1, 2013
Comment #2

နှစ်သက်စွာအားပေးသွားပါတယ်

သိတယ်နော် မအိလေး ဟဲဟဲ 😀

မဖြစ်နိုင်ဘူးလို့
ဘယ်တော့မှ မထင်ပါနဲ့ဟာ
အချစ်ဆိုတဲ့ ဆန္ဒတစ်ခု ရှိနေရုံနဲ့
နင်နဲ့ငါ့ကြား
မိုင်ပေါင်း ကုဋေဝေးနေအုံးတော့
ဆုံဆည်းခွင့်ဆိုတာ
လက်တကမ်းမှာ…ရှိနေမှာပါ
ချစ်တဲ့သူ……..

commentinfo By: loafer at Mar 2, 2013
Comment #3

လက်တစ်ကမ်းက ပိုလှမ်းရခက်တယ်နော်
ကိုယ့်အထင်ပြောတာပါ

commentinfo By: maypyo22889 at Mar 2, 2013
Comment #4

လူချင်းကတော့အဝေးကြီးပေါ့
စိတ်ချင်းကတော့နီးနီးလေး
😛
ရင်ဘတ်ကြီးထဲအပြည့်ထည့်ထားတာ

commentinfo By: ei lay at Mar 2, 2013
Comment #5

တကယ်ကြီးလား…မအိလေးလား…ဒေါ်အိလေးလား…

commentinfo By: tabound at Mar 2, 2013
Comment #6

စတာပါ…ကျေးဇူးတင်ပါတယ်….အားပေးလို့…

commentinfo By: tabound at Mar 2, 2013
Comment #7

တကယ်ကြီးပေါ့
၂၄ နာရီလုံး

commentinfo By: ei lay at Mar 2, 2013
Comment #8

:'(
:'(
:'(

commentinfo By: ei lay at Mar 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment